adv

တိရတနာကျောင်းမှသင်.ကိုနွေးထွေးစွာဖိတ်ခေါ်ပါသည် ။ နောင်တစ်ချိန်တွင် စကြာဝဠာတစ်ခုလုံး ကိုးကွယ်ကြသည် ဘာသာတရားတစ်ခု ဖြစ်ပေါ်လာလိမ့်မည်။ ထိုဘာသာတရားသည် တစ်ယူသန်ဝါဒ၊ တရားသေဝါဒများကိုလည်း ရှောင်လွှဲနိုင်လိမ့်မည်။ သဘာဝတရားနှင့် ဘာသာတရား နှစ်ခုလုံးကို လွှမ်းခြုံမိသည့် ဤဘာသာစကားသည် ရုပ်နာမ်တရားကို ကိုယ်တွေ့ခံစားသိမြင်မှုနှင့် အဓိပ္ပါယ်ပြည့်ဝသည့် ပေါင်းစည်းညီညွတ်မှုအပေါ်မှာ အခြေခံလိမ့်မည်။ အကယ်၍သာ ခေတ်သစ်သိပ္ပံ နည်းကျလိုအပ်ချက်များကို အဖြေထုတ် ဖြည့်ဆည်းပေးနိုင်မည့် ဘာသာတရားတစ်ခု ရှိလာမည်ဆိုလျှင် ထိုဘာသာတရားသည် #ဗုဒ္ဓဘာသာပဲ ဖြစ်လိမ့်မည်။ " ကမ္ဘာကျော်သိပ္ပံဆရာကြီး ဒေါက်တာအဲလဘတ်အိုင်းစတိုင်လ် " ...။။

.

{short description of image}

.

.

.



{short description of image}

တိရတနာ Online Radio

” တိရတနာ မြန်မာဘုန်းတော်ကြီးကျောင်း ဒီဇင်ဘာ ခရစ်စမတ် (ရုံးပိတ်ရက်) အတွင်း အခြေခံ ပဋ္ဌာန်းသင်တန်း.. (၂၄) ပစ္စည်း ပဋ္ဌာန်း အဓိပ္ပါယ်များသည် မိမိတို့  နေ့ စဉ်ဘ၀၌ မည်ကဲ့သို့ အကျိုးပြုနေသည်၊ ဆက်နွယ်နေသည် စသော ကြောင်း+ ကျိုး နိယာမဆက်နွယ်ပုံများကို အကျဉ်းချုနှင့်လက်တွေ့ အခြေခံ ၀ိပဿနာ ရှုမှတ်နည်း....၀ိပဿနာဟူသည် မိမိတို့ ဘ၀တွင် အေးချမ်းစွာ နေထိုင်တတ်အောင် သင်ယူရသော ဘ၀နေနည်း အတတ်ပညာ ........ ဗုဒ္ဓဘာသာဝင် အားလုံးနှင့် အတူတကွ ဆရာတော် - ဒေါက်တာ အရှင်သုနန္ဒာလင်္ကာရ ( M.A, Ph.D )သာမဏေကျော်၊ ဥဘတော ၀ိဘင်္ဂဓရ၊ သာသနာ့ဓဇ ဓမ္မာစရိယ၊ ၀ိနယ၀ိဒူ၊ အဂုင်္တ္တရ နိကာယ၀ိဒူ )ကသင်တန်းပြသပေးမည်ဖြစ်ပါသဖြင့် ဓမ္မမိတ်ဆွေအပေါင်းအား လေးစားစွာ ဖိတ်ကြား အပ်ပါသည်။ သင်.အကြံပြုဆွေးနွေးချက်များကို နွေးထွေးရင်းနှီးစွာ ဖိတ်ခေါ်လျှက်.... တိရတနာကျောင်း အကျိုးတော်ဆောင်အဖွဲ.....
DEF Radio and RainRockinRadio
Online Radio အစီအစဉ်အား ညစဉ် ၇ နာရီ မှ ၁၀ နာရီထိ .... အသံ ပျက်တောက် သွားပါက refresh ပြုလုပ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Recent Posts

Välkommen till Tiratana Theravada Buddhist Tempel.. Stöd Tiratana genom att bli medlem! Vi välkomnar alla och interreligiösa familjer åtagit sig att leva ett budda sätt att bli medlemmar i Temple Tiratana. Du kan bli medlem när som helst genom vår admin och praktiskt bidrag till utvecklingen av Tiratana. Alla medlemmar får en medlem card.For mer information om Temple medlemskap, tjänster och aktiviteter, kontakta templet admin. Phone 076 7077445 Phone: 076 8247198 Email tiratana3@hotmail.com ။။

Sunday, September 27, 2015

ရတနာ

 
ရတနာ ဟူသည် နှစ်သက် မြတ်နိုးတန်ဖိုး ထားအပ်ပြီး ကောင်းကျိုးချမ်းသာ ကိုပေးတက်သော ကြောင့် ရတနာ ဟုခေါ်သည် ဟု ကျွန်ုပ် ငယ်စဉ် ကတည်း ကပင် ဆရာကောင်း သမားကောင်း တို့၏ ကျေးဇူးကြောင့် မှတ်သားခဲ့ရ ပါသည်။ သို့သော်လည်း လောကတွင်ရှိရှိသမျှ ရတနာ တို့တွင် ဘုရား တရား သံဃာ တည်းဟူသော ရတနာ မြတ်သုံးပါးသည် လောကတွင် အသာလွန်ဆုံး အမြတ်ဆုံး အကောင်းမွန်ဆုံး ဆိုသည် မှာလည်း လုံးဝဧကန်ပင် ဖြစ်သည်မှာ ငြင်းစရာမလိုပေ။ အဘယ်ကြောင့် ဆိုသော် ရတနာ မြတ်သုံးပါးသည် ပစ္စုပ္ပန် တွင်သာ မက သံသရာ အကျိုး ၊ မဂ် ဖိုလ် နိဗ္ဗာန် တိုင်အောင် ကောင်းကျိုး ချမ်းသာကို ပေးတက်သောကြောင့် ဖြစ်သည်။
ထိုကြောင့် “ ဘုရား တရား သံဃာ ” ရတနာမြတ်သုံးပါး တို့ ၏ ဂုဏ်တော်များ နှင့် အနက်အဓိပ္ပါယ်တို့ အားတပေါင်းတစည်း ထဲ ထပ်မံ၍ ပူဇော်လိုက်ပါသည်။
ဘုရားရှင်၏ ဂုဏ်တော် (၉) ပါး
(၁)အရဟံ-လူ၊နတ်၊ဗြဟ္မာ၊သတ္တဝါတို့၏ပူဇော်အထူးကိုခံယူတော်မူထိုက်သော မြတ်စွာဘုရား မြတ်စွာဘုရား
(၂)သမ္မာသမ္ဗုဒ္ဓေါအလုံးစုံသောတရားတော်တို့ကိုဆရာမရှိဘဲတိကျမှန်ကန်စွာသိမြင်တော်မူသော မြတ်စွာ
ဘုရား မြတ်စွာဘုရား
(၃)ဝိဇ္ဇာစရဏသမ္ပန္နောအသိဝိဇ္ဇာသုံးပါး၊အကျင့်စရဏတစ်ဆယ့်ငါးပါးတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာ
ဘုရား မြတ်စွာဘုရား
(၄) သုဂတော - ကောင်းသော စကားတို့ကို ဆိုတော်မူတက်သော မြတ်စွာဘုရား မြတ်စွာဘုရား
(၅) လောကဝိဒူ - လောကသုံးပါး တို့ကို အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား မြတ်စွာဘုရား
(၆) အနုတ္တရော ပုရိသဓမ္မသာရတ္ထိ - မယဉ်ကျေးသော သူတို့ကို ယဉ်ကျေးအောင် ဆုံးမသော သူတို့တွင် အသာလွန် ဆုံး ဖြစ်တော်မူသော မြတ်စွာဘုရား မြတ်စွာဘုရား
္တ(၇)သတ္တာဒေဝမနုဿနံလူ၊နတ်၊ ဗြဟ္မာ၊သတ္တဝါအပေါင်းတို့၏ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရား
 မြတ်စွာဘုရား
(၈) ဗုဒ္ဓေါ - သစ္စာ လေးပါး အမှန်တရားတို့ကို သိပြီးသိစေတော်မူသော မြတ်စွာဘုရား မြတ်စွာဘုရား
(၉)ဘဂဝါ - ဘုန်းတန်ခိုး ကြီးမားတော်မူသော မြတ်စွာဘုရား မြတ်စွာဘုရားတံ ဂုဏသမ္ပန္နံ - အရဟံ အစရှိသော ကိုးပါးသော ဂုဏ်တော်အပေါင်း တို့နှင့် ပြည့်စုံတော် မူသော သုံးလောကထွဋ္ဋ်ထား ထိုမြတ်စွာဘုရားကို အဟံ - ဘုရားတပည့်တော်သည် ဝန္ဒာမိ - ယုံကြည် သဒ္ဒါ ရှေ့ထားကာဖြင့် ရှိခိုးဦးချ ကန်တော့ပါ၏ အရှင်ဘုရား..။
တရားတော်၏ ဂုဏ်တော် (၆) ပါး
(၁)သွက္ခာတော - အစ၏ ကောင်းခြင်း ၊ အလယ်၏ ကောင်းခြင်း ၊ အဆုံး၏ ကောင်းခြင်း တို့နှင့် ပြည်စုံအောင် ကောင်းစွာဟောကြားအပ်သော တရားတော်မြတ် တရားတော်မြတ်
(၂)သန္ဒိဋ္ဌိကော - ကိုယ်တိုင်သိမြင် ထိုက်သော တရားတော်မြတ် တရားတော်မြတ်
(၃)အကာလိကော - အချိန်ကာလ မခြားပဲ အကျိုးပေး တက်သော တရားတော်မြတ် တရားတော်မြတ်
(၄)ဧဟိပဿိကော - လာပါ၊ ရှုပါ ၊ ကျင့်ကြံ ပါ ဟု ဖိတ်ခေါ် ပြသခြင်း ငှာ ထိုက်သော တရားတော်မြတ် တရားတော်မြတ်
(၅)သြပါနေယျိကော - အနီး ၌ ဆောင်ထားခြင်းငှာ ထိုက်သော တရားတော်မြတ် တရားတော်မြတ်
(၆)ပစ္စတ္တံဝေဒိတဗ္ဗော ဝိညူဟိတိ - တရားသိမြင် ပညာရှင်တို့သာ သိမြင်နိုင်သော တရားတော်မြတ် တရားတော်မြတ်
တံ ဂုဏသမ္ပန္နံ - သွက္ခာတော အစရှိသော ခြောက်ပါးသော ဂုဏ်တော်အပေါင်း တို့နှင့် ပြည့်စုံတော် မူသော မဂ် ၊ ဖိုလ် နိဗ္ဗာန် ဓမ္မခဏ် ဟု ဆယ်တန်သတ်မှတ် ထိုတရားတော်မြတ်ကို အဟံ - ဘုရားတပည့်တော်သည် ဝန္ဒာမိ - ယုံကြည် သဒ္ဒါ ရှေ့ထားကာဖြင့် ရှိခိုးဦးချ ကန်တော့ပါ၏ အရှင်ဘုရား..။
သံဃာဂုဏ်တော် (၉) ပါး
၁) သုပ္ပဋိပန္နော - ကောင်းစွာ ကျင့်တော်မူသော ဘုရားသား တော် သံဃာတော်မြတ် သံဃာတော်မြတ်
(၂) ဥဇုပ္ပဋိပ္ပန္နော - ဖြောင့်စွာ ကျင့်တော်မူသော ဘုရားသားတော် သံဃာတော်မြတ် သံဃာတော်မြတ်
(၃)ဉာယပ္ပဋိပန္နော - ဆင်းရဲ ကင်းရာ နိဗ္ဗာန် အလို့ ငှာ ကျင့်တော်မူသော ဘုရားသားတော် သံဃာတော်မြတ် သံဃာတော်မြတ်
(၄) သာမိစိပ္ပဋိပန္နော - ရိုသေသမှု နှင့် လျော်ညီအောင်ကျင့်တော်မူသော ဘုရားသားတော် သံဃာတော်မြတ် သံဃာတော်မြတ်
(၅) အာဟု နေယျော - အဝေး မှ ဆောင်၍ ယူလာသော ပစ္စည်းတို့ကို အလှုခံ ထိုက်သော ဘုရားသားတော် သံဃာတော်မြတ် သံဃာတော်မြတ်
(၆) ပါဟု နေယျော - ဧည်သည်များ အတွက် စီမံ၍ ထားအပ်သော ပစ္စည်းတို့ကို အလှုခံ ထိုက်သော ဘုရားသားတော် သံဃာတော်မြတ် သံဃာတော်မြတ်
(၇) ဒဏ္ခိနေယျော - မြတ်သော အလှု ကို အလှုခံ ထိုက်သော ဘုရားသားတော် သံဃာတော်မြတ် သံဃာတော်မြတ်
(၈) အဉ္စလီ ကရဏီယျော - လက်အုပ်ချီမိုး၍ ရိုသေရှိခိုး ထိုက်သော ဘုရားသားတော် သံဃာတော်မြတ် သံဃာတော်မြတ်
(၉) အနုတ္တရံ ပုညခေတ္တံ လောကဿ - ကုသိုလ် ကောင်းမှု စိုက်ပျိုး ဖို့ရန်အတွက် အတုမရှိအောင် ကောင်း၍ လယ်ယာ မြေကောင်းနှင့် တူသော ဘုရားသားတော် သံဃာတော်မြတ် သံဃာတော်မြတ်
တံ ဂုဏသမ္ပန္နံ - သုပ္ပဋိပန္နော အစရှိသော ကိုးပါးသော ဂုဏ်တော်အပေါင်း တို့နှင့် ပြည့်စုံတော် မူသော ဘုရားသားတော် ထို သံဃာတော် မြတ်ကို အဟံ - ဘုရားတပည့်တော်သည် ဝန္ဒာမိ - ယုံကြည် သဒ္ဒါ ရှေ့ထားကာဖြင့် ရှိခိုးဦးချ ကန်တော့ပါ၏ အရှင်ဘုရား..။

No comments :

Post a Comment

.

.
Related Posts Plugin for WordPress, Blogger...