adv

တိရတနာကျောင်းမှသင်.ကိုနွေးထွေးစွာဖိတ်ခေါ်ပါသည် ။ နောင်တစ်ချိန်တွင် စကြာဝဠာတစ်ခုလုံး ကိုးကွယ်ကြသည် ဘာသာတရားတစ်ခု ဖြစ်ပေါ်လာလိမ့်မည်။ ထိုဘာသာတရားသည် တစ်ယူသန်ဝါဒ၊ တရားသေဝါဒများကိုလည်း ရှောင်လွှဲနိုင်လိမ့်မည်။ သဘာဝတရားနှင့် ဘာသာတရား နှစ်ခုလုံးကို လွှမ်းခြုံမိသည့် ဤဘာသာစကားသည် ရုပ်နာမ်တရားကို ကိုယ်တွေ့ခံစားသိမြင်မှုနှင့် အဓိပ္ပါယ်ပြည့်ဝသည့် ပေါင်းစည်းညီညွတ်မှုအပေါ်မှာ အခြေခံလိမ့်မည်။ အကယ်၍သာ ခေတ်သစ်သိပ္ပံ နည်းကျလိုအပ်ချက်များကို အဖြေထုတ် ဖြည့်ဆည်းပေးနိုင်မည့် ဘာသာတရားတစ်ခု ရှိလာမည်ဆိုလျှင် ထိုဘာသာတရားသည် #ဗုဒ္ဓဘာသာပဲ ဖြစ်လိမ့်မည်။ " ကမ္ဘာကျော်သိပ္ပံဆရာကြီး ဒေါက်တာအဲလဘတ်အိုင်းစတိုင်လ် " ...။။

.

{short description of image}

.

.

.



{short description of image}

တိရတနာ Online Radio

” တိရတနာ မြန်မာဘုန်းတော်ကြီးကျောင်း ဒီဇင်ဘာ ခရစ်စမတ် (ရုံးပိတ်ရက်) အတွင်း အခြေခံ ပဋ္ဌာန်းသင်တန်း.. (၂၄) ပစ္စည်း ပဋ္ဌာန်း အဓိပ္ပါယ်များသည် မိမိတို့  နေ့ စဉ်ဘ၀၌ မည်ကဲ့သို့ အကျိုးပြုနေသည်၊ ဆက်နွယ်နေသည် စသော ကြောင်း+ ကျိုး နိယာမဆက်နွယ်ပုံများကို အကျဉ်းချုနှင့်လက်တွေ့ အခြေခံ ၀ိပဿနာ ရှုမှတ်နည်း....၀ိပဿနာဟူသည် မိမိတို့ ဘ၀တွင် အေးချမ်းစွာ နေထိုင်တတ်အောင် သင်ယူရသော ဘ၀နေနည်း အတတ်ပညာ ........ ဗုဒ္ဓဘာသာဝင် အားလုံးနှင့် အတူတကွ ဆရာတော် - ဒေါက်တာ အရှင်သုနန္ဒာလင်္ကာရ ( M.A, Ph.D )သာမဏေကျော်၊ ဥဘတော ၀ိဘင်္ဂဓရ၊ သာသနာ့ဓဇ ဓမ္မာစရိယ၊ ၀ိနယ၀ိဒူ၊ အဂုင်္တ္တရ နိကာယ၀ိဒူ )ကသင်တန်းပြသပေးမည်ဖြစ်ပါသဖြင့် ဓမ္မမိတ်ဆွေအပေါင်းအား လေးစားစွာ ဖိတ်ကြား အပ်ပါသည်။ သင်.အကြံပြုဆွေးနွေးချက်များကို နွေးထွေးရင်းနှီးစွာ ဖိတ်ခေါ်လျှက်.... တိရတနာကျောင်း အကျိုးတော်ဆောင်အဖွဲ.....
DEF Radio and RainRockinRadio
Online Radio အစီအစဉ်အား ညစဉ် ၇ နာရီ မှ ၁၀ နာရီထိ .... အသံ ပျက်တောက် သွားပါက refresh ပြုလုပ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Recent Posts

Välkommen till Tiratana Theravada Buddhist Tempel.. Stöd Tiratana genom att bli medlem! Vi välkomnar alla och interreligiösa familjer åtagit sig att leva ett budda sätt att bli medlemmar i Temple Tiratana. Du kan bli medlem när som helst genom vår admin och praktiskt bidrag till utvecklingen av Tiratana. Alla medlemmar får en medlem card.For mer information om Temple medlemskap, tjänster och aktiviteter, kontakta templet admin. Phone 076 7077445 Phone: 076 8247198 Email tiratana3@hotmail.com ။။

Sunday, November 19, 2017

မဟာယနနဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာအကြောင်း



ကွဲနေတာတော့ သိပေမယ့် ဘယ်လောက်ထိ နက်နဲနေတယ် ဆိုတာကို တိတိပပနားလည်ဖို့ ခက်နေပါတယ်။ တတိယ သံဃာယနာ တင်တဲ့ခေတ်မှာ အိန္ဒိယမှာ သာသနာဂိုဏ်းကွဲပေါင်း ၁၈ ခုအထိရှိနေတယ် မှတ်သားရဖူးပါတယ်။ နောက်ပိုင်းခေတ်မှာ သိသာကွဲပြားစွာ ကျန်ရှိနေတာက ထေရ၀ါဒနှင့် မဟာယန ဗုဒ္ဓဘာသာဂိုဏ်းကွဲများ ဖြစ်ပါတယ်။ ထေရ၀ါဒကို ထေရ်စဉ်ကြီးငယ်များက မြတ်စွာဘုရားရှင်ဟောကြားတော်မူသည့်အတိုင်း ပြင်ဆင်ဖြည့်စွက် နုတ်ပယ်ခြင်းမရှိပဲ ပထမသံဃာယနာမှစပြီး အစဉ်အဆက် လက်ဆင့်ကမ်းထိန်းသိမ်းခဲ့ ကြတဲ့ သန့်ရှင်းသော ဗုဒ္ဓအယူဝါဒ ဖြစ်ပါတယ်။ မဟာယနကတော့ ဗောဓိသတ္တဘုရားလောင်း ၀ါဒကို ဦးစားပေးသလို တရားတော်တွေကို ပြင်ဆင်ဖြည့်စွက်မှု အသစ်ရေးသားမှုတွေကြောင့် နေရာဒေသအလိုက်၊ ဂိုဏ်းဂဏ အလိုက် အမျိုးမျိုးကွဲပြားနေပါတယ်။ မီဒီယာအပေါ် လွှမ်းမိုးနိုင်စွမ်းကလည်း ပိုများပါတယ်။

ဒါကြောင့်မို့ အနောက်တိုင်းသား ဗုဒ္ဓဘာသာ စိတ်ဝင်စားသူများ လေ့လာကြုံကြိုက်မိကြတာက မဟာယန ဗုဒ္ဓဘာသာ ဖြစ်နေတတ်သလို

Tuesday, November 14, 2017

အဘိဓမ္မာ ဆိုတာ ဘာလဲ ???




အဘိဓမ္မာ ဆိုတာ ဘာလဲဆိုရင် The nature of our life ပဲ။
ဘ၀ရဲ့ သဘာဝကို အသေးစိတ် ပြောထားတာကို အဘိဓမ္မာ ခေါ်ပါတယ်။
အင်ဂျင်နီယာသင်တဲ့ ကျောင်းသားတွေကွာ။ မော်တော်ကား တစ်စင်းကို ဘယ်လို တည်ဆောက်ထားသလဲ။ မော်တော်ကား တစင်းထဲမှာ ပစ္စည်းအရာဝတ္ထုလေးတွေ ဘယ်နှစ်မျိုးလောက် ပါဝင်သလဲ။ မင်းတို့ သင်ရတယ် မဟုတ်လား။ ဘယ်လိုပေါင်းစပ်တယ်။ ဟာ အဖုံးကြီး ဆွဲဖွင့်လိုက်တာနဲ့ အထဲမှာ ရှုပ်ပွနေတာပဲ။ ကြိုးတွေ၊ ပိုက်တွေ၊ ဂေါက်တွေ၊ ဂွတွေ၊ အဲဒီလို စနစ်တကျ မော်တော်ကား တစင်း တည်ဆောက်ထားသလို၊ ရေဒီယိုတလုံး တည်ဆောက်ထားသလို ဟောဒီ Body structure (ခန္ဓာကိုယ် တည်ဆောက်ထားမှု ) ကို သင်ရမယ်။
ဒီတော့ ဒီတခုကို ဘာတွေနဲ့၊ ဘာတွေနဲ့ ပေါင်းစပ်ပြီးတော့ ဘယ်လိုများ အချိုးညီညီ တည်ဆောက်ထားသလဲဆိုတာ အဲဒီ အတတ်ပညာဟာ ဘာလဲဆိုရင် အဘိဓမ္မာ။ သုံးလုံတည်းပဲ။
ဘာတွေလဲ ဆိုရင် စိတ်ရယ်၊ စေတသိက်ရယ်၊
ရုပ်ရယ်။ 
ဘာတွေလဲ
စိတ်, စေတသိက်, ရုပ်ပါဘုရား။
စိတ်-၈၉-ပါးရှိတယ်။ စေတသိပ် ၅၂-ပါးရှိတယ်။ ရုပ် ၂၈-ပါးရှိတယ်။ လူဆိုလို့ရှိရင် စိတ် ဘယ်လောက်၊ စေတသိက် ဘယ်လောက်၊ ရုပ် ဘယ်လောက် ပေါင်းစပ်ပြီးတော့ ဘယ်လို၊ ဘယ်လို တည်ဆောက်၊ ခွေး၊ ၀က်၊ ကြက်၊ ငှက် တိရစ္ဆာန်ဆိုရင် စိတ် ဘယ်လောက်၊ စေတသိက် ဘယ်လောက်၊ ရုပ် ဘယ်လောက် ပေါင်းစပ်ပြီးတော့ တည်ဆောက်၊ နတ်ဗြဟ္မာဆိုရင် ဘယ်လို၊ ရဟန္တာဆိုရင် ဘယ်လို၊ အဲဒီလို ပုဂ္ဂိုလ်အမျိုးအစားတွေကို လိုက်ပြီးတော့၊ ဘ၀အမျိုးမျိုးတွေကို လိုက်ပြီးတော့ စိတ်အမျိုးအစားတွေကို၊ စေတသိက် အမျိုးအစားတွေကို၊ ရုပ်အမျိုးအစားတွေကို သူ့ဟာနဲ့သူ စနစ်တကျ၊ အချိုးကျ၊ ပေါင်းစပ် တည်ဆောက်ပုံကို ဖော်ပြတာဟာ အဘိဓမ္မာ။

The nature of mentality and materiality ရုပ် နာမ်တို့၏ သဘာဝ၊ အဲဒါဟာ ဘာခေါ်လဲ၊ အဘိဓမ္မာ။ အဘိဓမ္မာ ခုနစ်ကျမ်းဆိုတဲ့ စာအုပ်ကို လှမ်းမကြည့်နဲ့၊ လှမ်းမကြည့်နဲ့၊ မင်းတို့တွေ အဘိဒမ္မာခုနစ်ကျမ်းကို လှမ်းကြည့်ရင် အကုန်လုံး
လန့်သွားမှာ၊ စာအုပ်က နည်းတာမှ မဟုတ်ဘဲ။ ဖတ်လဲ ဘာမှနားမလည်ဘူး။ အဲဒီစာအုပ်က ဘာတွေဟောထားသလဲဆိုရင် ဘုရားကိုင်တိုင် ဟောတာနော်။ စိတ်အကြောင်းရယ်၊ စေတသိက်အကြောင်းရယ်၊ ရုပ်အကြောင်းရယ်၊ အဲဒီအကြောင်းအရာသုံးပါးကို အကျယ်တ၀င့် ဒီစာအုပ်ကြီးတွေထဲမှာ ရေးမှတ်ထားတာ။ တကယ်တော့ ဗုဒ္ဓရှင်တော်ရဲ့ ဓမ္မက စာအုပ်ထဲမှာ ထားဖို့
မဟုတ်ဘူး။ လူထဲမှာ ထားရမယ်။
အဘိဓမ္မာသင်ချင်ရင်

Thursday, November 9, 2017

ရှိခိုး ဝတ်ပြုလျှင် သုံးကြိမ် ဦးချရခြင်း အကြောင်း



ဗုဒ္ဓဘာသာဝင်တိုင်းသည်  စေတီပုထိုး ၊ ဘုရားရုပ်ပွား ဆင်းတုတော် ၊ သံဃာတော်များ ၊ မိဘဆရာ ၊ သက်ကြီးဝါကြီးသူများကို
ရှိခိုး ကန်တော့ကြခြင်းသည် ဓလေ့ထုံးစံ တစ်ခုအနေဖြင့် ပြုလုပ်နေရခြင်း မဟုတ်ပါ ။ ထို့ထက် အဓိပ္ပာယ် ကျယ်ဝန်းပါသည် ။
လုပ်ဆောင်အပ်သော ဝတ္တရား ၊ လိုက်နာပြုကျင့်ရမည့် ဆက်ဆံရေး ၊ ဂုဏ်ယူဖွယ်ရာ လူမှုစရိုက် ၊ သိမ်မွေ့ရိုကျိုးသည့် ယဉ်ကျေးမှု၊
အဖြစ် ထိန်းသိမ်းထားရခြင်း ဖြစ်သည့်အပြင် မိမိဧ။် မာန်မာနကို နှိမ့်ချဝပ်တွားခြင်း သက်ေင်္တ လည်းဖြစ်ပါသည် ။
မွေးဖွားလာပြီး မည်သည့်အချိန် မှစ၍ ဗုဒ္ဓဘာသာဝင် ဖြစ်သွားသလဲ ဆိုတာကို သတိမမူမိဘဲ ဖြစ်တတ်ကြသည် ။ ဗုဒ္ဓဘာသာဧ။်

အနှစ်သာရကို နားလည်သိရှိခြင်း မဖြစ်ဘဲ မိဘက ဗုဒ္ဓဘာသာဝင်ဖြစ်နေလို့ ဗုဒ္ဓဘာသာဝင် ဖြစ်သွားသူများကို မိရိုးဖလာ ဗုဒ္ဓဘာသာဝင်
ဟူ၍ ဆိုရပေသည် ။
ဘုရား၊ တရား၊ သံဃာ ဟူသော ရတနာ သုံးပါးဧ။် လေးနက်သည့် အဓိပ္ပာယ် ၊ မွန်မြတ်သည့် သိက္ခာ ၊ ကြည်ညိုဖွယ် ဂုဏ် အရည်အချင်း
များကို မှန်မှန်ကန်ကန် စေ့စေ့စပ်စပ် နားလည်သိရှိရမည် ။ ယင်းသို့ သေသေချာချာ တိတိကျကျ သိရှိကာ ၊ အမှန်တကယ် အားကိုးယုံကြည်
သဖြင့် ဆည်းကပ်ကိုးကွယ်မှသာ ဗုဒ္ဓဘာသာဝင် စစ်စစ် ဖြစ်သည်ဟု ဆုံးဖြတ်နိုင်သည် ။
ရတနာသုံးပါးဧ။် ဂုဏ်ကျေးဇူးကို နားလည်လက်ခံပြီး

Wednesday, November 1, 2017

ထေရ၀ါဒ

Theravada Dhamma

ထေရ၀ါဒ ဆိုတာ Originally maintenance teaching of the Buddha ပဲ။ Nothing changed through 2600 years of the journey နှစ်ပေါင်း ၂၆၀၀ အတွင်း ဘာမှပြောင်းလဲမှုမရှိပဲနဲ့ မူရင်းအတိုင်း ထိန်းသိမ်းလာခဲ့တဲ့ဓမ္မကို ထေရ၀ါဒဓမ္မ ခေါ်တယ်။

ပထမအဓိပ္ပါယ်က Nothing added new idea into original teaching of the Buddha. မူလပိဋကတ်သုံးပုံထဲမှာ Idea အသစ်တွေဘာမှမထည့်ဘူး။

နောက်ဒုတိယအဓိပ္ပါယ်က Nothing remove any original teaching from the Tipitaka. ပိဋကတ်သုံးပုံက မူရင်းအဆုံးအမတွေ ဘာမှနှုတ်မပစ်ဘူး။ ဘာမှ ထုတ်ပယ်မပစ်ဘူး။

နောက်တတိယအဓိပ္ပါယ်က Nothing changed and rewrite, no substitute. အစားထိုးပြောင်းလဲတဲ့အနေနဲ့ အသစ်ပြန်ရေးတာ ဘာမှမရှိဘူး။ အဲဒီ အချက်သုံးချက်နဲ့ပြည့်စုံတဲ့ဓမ္မကိုထေရ၀ါဒဓမ္မ ခေါ်တယ်။


ထေရ၀ါဒအသင်းကိုတည်ထောင်တဲ့သူတွေဟာ ထေရ၀ါဒအကြောင်းကို 

.

.
Related Posts Plugin for WordPress, Blogger...