adv

တိရတနာကျောင်းမှသင်.ကိုနွေးထွေးစွာဖိတ်ခေါ်ပါသည် ။ နောင်တစ်ချိန်တွင် စကြာဝဠာတစ်ခုလုံး ကိုးကွယ်ကြသည် ဘာသာတရားတစ်ခု ဖြစ်ပေါ်လာလိမ့်မည်။ ထိုဘာသာတရားသည် တစ်ယူသန်ဝါဒ၊ တရားသေဝါဒများကိုလည်း ရှောင်လွှဲနိုင်လိမ့်မည်။ သဘာဝတရားနှင့် ဘာသာတရား နှစ်ခုလုံးကို လွှမ်းခြုံမိသည့် ဤဘာသာစကားသည် ရုပ်နာမ်တရားကို ကိုယ်တွေ့ခံစားသိမြင်မှုနှင့် အဓိပ္ပါယ်ပြည့်ဝသည့် ပေါင်းစည်းညီညွတ်မှုအပေါ်မှာ အခြေခံလိမ့်မည်။ အကယ်၍သာ ခေတ်သစ်သိပ္ပံ နည်းကျလိုအပ်ချက်များကို အဖြေထုတ် ဖြည့်ဆည်းပေးနိုင်မည့် ဘာသာတရားတစ်ခု ရှိလာမည်ဆိုလျှင် ထိုဘာသာတရားသည် #ဗုဒ္ဓဘာသာပဲ ဖြစ်လိမ့်မည်။ " ကမ္ဘာကျော်သိပ္ပံဆရာကြီး ဒေါက်တာအဲလဘတ်အိုင်းစတိုင်လ် " ...။။

.

{short description of image}

.

.

.



{short description of image}

တိရတနာ Online Radio

” တိရတနာ မြန်မာဘုန်းတော်ကြီးကျောင်း ဒီဇင်ဘာ ခရစ်စမတ် (ရုံးပိတ်ရက်) အတွင်း အခြေခံ ပဋ္ဌာန်းသင်တန်း.. (၂၄) ပစ္စည်း ပဋ္ဌာန်း အဓိပ္ပါယ်များသည် မိမိတို့  နေ့ စဉ်ဘ၀၌ မည်ကဲ့သို့ အကျိုးပြုနေသည်၊ ဆက်နွယ်နေသည် စသော ကြောင်း+ ကျိုး နိယာမဆက်နွယ်ပုံများကို အကျဉ်းချုနှင့်လက်တွေ့ အခြေခံ ၀ိပဿနာ ရှုမှတ်နည်း....၀ိပဿနာဟူသည် မိမိတို့ ဘ၀တွင် အေးချမ်းစွာ နေထိုင်တတ်အောင် သင်ယူရသော ဘ၀နေနည်း အတတ်ပညာ ........ ဗုဒ္ဓဘာသာဝင် အားလုံးနှင့် အတူတကွ ဆရာတော် - ဒေါက်တာ အရှင်သုနန္ဒာလင်္ကာရ ( M.A, Ph.D )သာမဏေကျော်၊ ဥဘတော ၀ိဘင်္ဂဓရ၊ သာသနာ့ဓဇ ဓမ္မာစရိယ၊ ၀ိနယ၀ိဒူ၊ အဂုင်္တ္တရ နိကာယ၀ိဒူ )ကသင်တန်းပြသပေးမည်ဖြစ်ပါသဖြင့် ဓမ္မမိတ်ဆွေအပေါင်းအား လေးစားစွာ ဖိတ်ကြား အပ်ပါသည်။ သင်.အကြံပြုဆွေးနွေးချက်များကို နွေးထွေးရင်းနှီးစွာ ဖိတ်ခေါ်လျှက်.... တိရတနာကျောင်း အကျိုးတော်ဆောင်အဖွဲ.....
DEF Radio and RainRockinRadio
Online Radio အစီအစဉ်အား ညစဉ် ၇ နာရီ မှ ၁၀ နာရီထိ .... အသံ ပျက်တောက် သွားပါက refresh ပြုလုပ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Recent Posts

Välkommen till Tiratana Theravada Buddhist Tempel.. Stöd Tiratana genom att bli medlem! Vi välkomnar alla och interreligiösa familjer åtagit sig att leva ett budda sätt att bli medlemmar i Temple Tiratana. Du kan bli medlem när som helst genom vår admin och praktiskt bidrag till utvecklingen av Tiratana. Alla medlemmar får en medlem card.For mer information om Temple medlemskap, tjänster och aktiviteter, kontakta templet admin. Phone 076 7077445 Phone: 076 8247198 Email tiratana3@hotmail.com ။။

ပဋိစ္စသမုပ္ပါဒ်တရားတော်

 

 Credit By Dhammadownload 


                                                                  
ဆင်ဖြူကျွန်းဆရာတော် ဦးဓမ္မသာရ                  
ဟောကြားတော်မူသောတရားတော်များ


Dhamma Talk Audio

The following lists are the high quality audio file in MP3 format.
Please be note that the average file size for MP3 is about 70MBytes
and it may take time to download.

If you are listening the audio on-line, it is recommended to listen
the low bandwidth window media audio format..




MP3 Disc 1

၁။ ၂၄-၁၁-၁၉၉၈ နံက် ပဋိစ္စသမုပ္ပါဒ် အခြေခံ (၁)
၂။ ၂၄-၁၁-၁၉၉၈ ည ကိုယ့် ကိုယ် ကိုယ် ဒိဠိ အရင်ခွာ၃။ ၂၅-၁၁-၁၉၉၈ နံက် ပဋိစ္စသမုပ္ပါဒ် အခြေခံ (၂)
၎။ ၂၅-၁၁-၁၉၉၈ ည ရှင်ဆန္န အားဒိဋ္ဌိသတ်ပေးပုံ၅။ ၂၆-၁၁-၁၉၉၈ နံက် အင်္ဂါ ၁၂ ပါးအမှောင် ၅ စင်းအလင်း ၅ ချက်၆ ၂၆-၁၁-၁၉၉၈ ည ရှင်ယမကရဟန်းအားဒိဋ္ဌိသတ်ပေးပုံ၇။ ၂၇-၁၁-၁၉၉၈ နံက် ၃ ပါးအစပ်နှင့်နှလုံးသွင်းမှန်၈။ ၂၇-၁၁-၁၉၉၈ ည ရှင်ဆန္နအားဒိဋ္ဌိ နှင့်တဏှာ သတ်ပေးပုံ၉။ ၂၈-၁၁-၁၉၉၈ နံက် ၀ဋ်လည်ပုံ နှင့် ၀ဋ် ပြတ်ပုံ၁၀။ ၂၈-၁၁-၁၉၉၈ ည သစ္စညဏ် ကိစ္စညဏ် ကတညဏ် - ၁၁၁။ ၂၉-၁၁-၁၉၉၈ နံက် ကာလ ၃ဖြာ နှင့် ၀ိသာခ-ဓမ္မဒိန္နာ၁၂။ ၂၉-၁၁-၁၉၉၈ ည သစ္စညဏ် ကိစ္စညဏ် ကတညဏ် - ၂၁၃။ ၃၀-၁၁-၁၉၉၈ နံက် ခြင်းရာ ၂၀ နှင့် သမာဒိဋ္ဌိ ၅ မျိုး
 

MP3 Disc 2


၁။ ၃၀-၁၁-၁၉၉၈ ည သစ္စညဏ် ကိစ္စညဏ် ကတညဏ် - ၃၂။ ၁-၁၂-၁၉၉၈ နံက် နိဝရဏတရား ၅ ပါး နှင့် သောတာပန် အင်္ဂါ ၇ ပါး ၃။ ၁-၁၂-၁၉၉၈ ည နိဗ္ဗာန်အကြောင်းအဂိဝစ္ဆသုတ် နှင့်စုပေါင်းရေစက်ချ ၄။ ၆-၁-၁၉၉၅ နံက် ၅။ ၆-၁-၁၉၉၅ ညနေ ၆။ ၇-၁-၁၉၉၅ နံက် ၇။ ၇-၁-၁၉၉၅ ညနေ ၈။ ၈-၁-၁၉၉၅ နံက် ၉။ ၈-၁-၁၉၉၅ ညနေ သက္ကပညှာသုတ် မစ္ဆရိယ ၁၀။ ၉-၁-၁၉၉၅ နံက် ၁၁။ ၉-၁-၁၉၉၅ ညနေ 
 



MP3 Disc 3


၁။ ၁၀-၁-၁၉၉၅ နံက် အမှောင်ငါးစင်း အလင်ငါးချက်နှင့် စရုက်နှင့်ကမ္မဋ္ဌာန်ရွေးပုံတရာတောိ ၂။ ၁၀-၁-၁၉၉၅ ညနေ ယမကရဟန်း ၃။ ၁၁-၁-၁၉၉၅ နံက် ၄။ ၁၁-၁-၁၉၉၅ ညနေ ၀ိပ္ပလíာသ၊့ိံသုကောပမသုတ် ၅။ ၁၂-၁-၁၉၉၅နံက် ၆။ ၁၂-၁-၁၉၉၅ ညနေ သစ္စ၊ကိစ္စကတဥာဏ် ၇။ ၁၃-၁-၁၉၉၅ နံက် ၈။ ၁၃-၁-၁၉၉၅ ညနေ သစ္စ၊ကိစ္စကတဥာဏ် ၉။ ၁၄-၁-၁၉၉၅ နံက် ၁၀။ ၁၄-၁-၁၉၉၅ ညနေ သစ္စ၊ကိစ္စကတဥာဏ် ၁၁။ ၁၅-၁-၁၉၉၅ နံက် ၁၂။ ၁၅-၁-၁၉၉၅ ညနေ နိဗ္ဗာန်တရား 
 

**** the following audio uploaded and published on 22 Aug  2010****
****** အောက်ပါ တရားတော်များသည် ဆရာတော်၏ တူဖြစ်သူ ကိုကျော်ဝဏ္ဏ (LotusFoundation)မှ စီစဉ်လှုဒါန်းပါသည် *******


ဆင်ဖြူကျွန်းမြို့ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာ ဓမ္မာရုံကြီးပေါ်တွင် ဟောကြားတော်မူသောတရားတော်များ















Credit Dhammadownload


မိုးကုတ်ဆရာတော် ဘုရားကြီး 

ေ                          "ငါ "ဆိုတဲ့ အတ္တဒိဋ္ဌိ မပြုတ်သေးတဲ့ ပုဂ္ဂိုလ်မှန်သမျှ ဒါနတွေ အကြိမ်ကြိမ်ပြု ,သီလတွေ အကြိမ်ကြိမ် ဆောက်တည်နေပါစေ။အဲဒီ ဒါန ,သီလ သတ္တိတွေက ဆိုင်ရာ,ဆိုင်ရာ "သုဂတိဘုံ"တွေမှာ အကျိုးပေးပေမဲ့ ကံအရှိန်ကုန်လို့  သတ္တိကုန်ရင်တော့ အဲဒီ ပုဂ္ဂိုလ်ကို အဲဒီ ဒိဋ္ဌိကဘဲ ဒုက္ခတိ ဘုံ တွေကို ပြန်ဆွဲချတယ်။

-ဝိပဿနာ မလုပ်သေးတာဖြင့် သေရတာ အားမရသေးလို့ လား မေးဖို့ ဘဲ ရှိတော့တယ်။
ခင်ဗျားတို့  အင်မတန် ကိုယ်ကျိုးနည်းမှာစိုးလို့  ဒီအလုပ်ကို ခိုင်းနေတာမှတ်ပါ။

- ပုထုဇဉ်အဖြစ်နဲ့  သေရင် လူတစ်သိန်းသေလို့  တစ်ယောက် သုဂတိ မရောက်ဘူး။ ဖြည်းဖြည်းမှ ဆိုတဲ့စကား မသုံးပါနဲ့ ဖြည်းလာခဲ့တာ ကြာပါပြီ။

-ခင်ဗျားတို့ က မသိလို့ အေးအေးနေတာ,တော်ကြာ ခင်ဗျားတို့  တွေ့ ရမဲ့ ဒုက္ခက မသေးဘူးနော်။ "ဆုတောင်းပြည့် ဘုရား"မကယ်နိုင်ဘူး ဖြည်းဖြည်းမှဆိုတဲ့ ဆင်ခြေပေးနေလို့ ကတော့ ငရဲမျိုးစေ့ ကြီးပွားပါရစေဆိုတာနဲ့  အတူတူဘဲ။

-တစ်နေ့ တစ်နေ့  ဖြစ်နေတဲ့ လောဘ,ဒေါသ,မောဟ တွေဟာ တစ်နေ့ ကို ငရဲရောက်ဖို့  ဘဝပေါင်း မရေမတွက်နိုင်ဘူး။စိတ်ကလေး တစ်လုံး,စေတနာလေးတစ်ခု အပါယ်တစ်ခါရောက်ဆိုတော့,
စိတ်ပေါင်းကလည်း မရေတွက်နိုင်ဘူးဆိုတော့က,အပါယ်က တက်စရာမမြင်ဘူး။

-သာသနာ ငါးထောင်ဆိုတာ နှစ် အပိုင်းအခြားကို ခေါ်တာမဟုတ်ဘူး။သာသနာဆိုတာ နှစ်ကိုမခေါ် အဆုံးအမ ကိုခေါ်တာဘဲဆိုတဲ့ အချက်ကို သိကြရမယ်။ဟောတဲ့အတိုင်း လိုက်နာကြ ကျင့်ကြံအားထုတ်ကြလို့ ဆိုတာဟာ သာသနာဘဲ။သာသနာ ငါးထောင်ဆိုတဲ့ စကားတွေဟာ သာသနာမဟုတ်ဘူး။သာသနာဆိုတာ လိုက်နာသူအပေါ်မှာ လုံးဝတည်နေတယ်။လိုက်နာရမယ့် သူက မလိုက်နာရင် ဘုရားရှင် ရှိနေလည်းမဆိုင်, မရှိလည်း မဆိုင်ဘူး။ ဒီ ဘုရားဟောထားတဲ့ စကားတော်အတိုင်း, အဆုံးအမ အတိုင်း လိုက်နာမှု မလိုက်နာမှု အပေါ်မှာသာ တည်တယ်။

-မနက်ဖြန် သေသွားရင် သာသနာနဲ့ ငါ အိုးစားကွဲတာဘဲမှတ်။ကိုယ်သေရင် အပါယ်တွန်းချမယ့် တရားတွေ ဝမ်းထဲရှိနေလျက်နဲ့ နှောင့်နှေးတဲ့ အလုပ် လုပ်နေရင် ဒီထက်မိုက်တာ ရှာမတွေ့ တော့ဘူး။ တစ်ဘဝ တစ်နပ်စာ ငဲ့နေတာနဲ့  တစ်သံသရာလုံး နစ်နာသွားလိမ့်မယ်။

- ဘုရား အပေါ်လည်း သံသယမရှိနဲ့  ,တရား အပေါ်လည်း သံသယ မရှိနဲ့ ,ကိုယ့်ကိုယ်လည်း သံသယ မရှိနဲ့  သာသနာနဲ့ ကြုံ ,ဆရာကောင်းနဲ့ ကြုံလို့  ပါရမီကလည်း ပြည့်နေပြီ။ကျင့်သာကျင့်ရမှာဘဲ။ အချည်းနှီးလုံးဝ မဖြစ်ဘူးဆိုတာ မှတ်လိုက်ပါ။

ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော် ဘုရားကြီး

"ပဋိစ္စသမုပ္ပါဒ် မြန်မာပြန်" ...

(၁) အဟုတ်အမှန် ဧကန်မမြင် မထင်မလင်း မသိခြင်းဟူသော အကြောင်း တရား ထင်ရှားရှိ နေခြင်းကြောင့် ပစ္စုပ္ပန် သံသရာ နှစ်ဖြာ အမှု ပြုစု ပျိုးထောင်ခြင်းဟူသော သင်္ခါရအစု ပြုပြင်မှုတို့သည် ဖြစ်ပွားကုန်၏ ...

(၂) ပစ္စုပ္ပန် သံသရာ နှစ်ဖြာအမှု ပြုစုပျိုးထောင်ခြင်း ဟူသော သင်္ခါရတရား ထင်ရှားရှိနေခြင်းကြောင့် ဘ၀တစ်ပါး၌ ၀ိညာဉ်တစ်ပါး ဖြစ်ပွားလာရ၏ ...

(၃) ဘ၀သစ်၌ ၀ိညာဉ်တစ်ဖန် ဖြစ်ရပြန်ရခြင်းဟူသော အကြောင်းတရား ထင်ရှား ရရှိလာသောကြောင့် ရုပ်နာမ် နှစ်ပါးတို့သည် ဖြစ်ပွားလာရ၏ ...

(၄) ရုပ်နာမ်အစု ဖြစ်ပေါ်မှုကြောင့် ဒွါရခြောက်မည် အကြည်ခြောက်ပါး တို့ဖြင့် ဖြစ်ပွားလာရ၏ ...

(၅) ဒွါရခြောက်မည် အကြည်ခြောက်ပါး ထင်ရှားရှိနေခြင်းကြောင့် အာရုံ၌ တွေ့မှုအပြား ဖဿခြောက်ပါးသည် ဖြစ်ပွားလာရ၏ ...

(၆) ဖဿခြောက်ပါး ထင်ရှားရှိနေခြင်းကြောင့် အာရုံခံစားမှု ဝေဒနာ စု ခြောက်ပါးသည် ဖြစ်ပွားလာရ၏ ...

(၇) ဝေဒနာခြောက်ပါး ထင်ရှားရှိနေခြင်းကြောင့် ၀တ္တုအာရုံ ကာမဂုဏ်ကို ခုံမင်တွယ်တာ တဏှာခြောက်ပါးတို့သည် ဖြစ်ပွားလာရ၏ ...

(၈) တဏှာခြောက်ပါး ထင်ရှားရှိနေခြင်းကြောင့် စွဲလမ်းပြင်းထန်သော ဥပါဒါန်လေးပါးသည် ဖြစ်ပွားလာရ၏ ...

(၉) ဥပါဒါန်လေးပါး ထင်ရှားရှိနေခြင်းကြောင့် ကံဥပပတ် နှစ်ရပ်အပုံ ဘ၀အစုံသည် ထင်ရှားဖြစ်ပွားလာရ၏ ...

(၁၀) ကံဥပပတ် နှစ်ရပ်အပုံ ဘ၀အစုံ ထင်ရှားရှိခြင်းကြောင့် ပဋိသန္ဓေ တည်နေစွဲငြိသည့် ဇာတိတရားသည် ဖြစ်ပွားလာရ၏ ...

(၁၁) ဇာတိတရား ထင်ရှားရှိနေခြင်းကြောင့် အိုခြင်း ... သေခြင်း ... စိုးရိမ်ခြင်း ... ငိုကြွေးခြင်း ... ဆင်းရဲခြင်း ... နှလုံးမသာယာခြင်း ... သက်ကြီးရှိုက်တငင် ပင်ပန်းခြင်းတို့သည် တစ်ခါတည်းပါပြီး ဖြစ်ပွားလာကြကုန်၏ ...

ဤသို့ ချမ်းသာမဖက် ဆင်းရဲသက်သက်သာ ဖြစ်သော တရားအစုတို့သည် အကြောင်းအကျိုးပြု၍ ဖြစ်ပေါ်လာကြကုန်၏ ...

ဤသည်ကားးး

အားလုံးသောပုဂ္ဂိုလ်များ နားလည်အောင် ပါဋ္ဌိမဖက် မြန်မာပြန် သက် သက် ဖော်ပြလိုက်ခြင်း ဖြစ်ပါသည် ...။


(ဓမ္မစရိယ ဦးတင်မြင့်)

~~~ ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်း ကျန်းမာရွှင်လန်း ငြိမ်းအေးနိုင် ကြပါစေ~~~

No comments :

Post a Comment

.

.
Related Posts Plugin for WordPress, Blogger...