ယော စ ၀ဿ သတံ ဇီဝေ၊ အပဿံ ဥဒယဗ္ဗယံ။
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဥဒယဗ္ဗယံ။
မြတ်- မမြတ်
အသက်တရာပင် ရှည်၍ နေသော်လည်း မိမိခန္ဓာကိုယ်မှာ ပဋိသန္ဓေမှ စုတိ သေနေ့သို့ တိုင်အောင် မပြတ်မစဲ ထပ်တလဲလဲ ဖြစ်ပျက်နေကြသော ဖြစ်/ပျက်တရားတွေကို ထပ်တလဲလဲ တဲ့တဲ့မမြင်လျှင် ဖြစ်ပျက်နှင့် ဆန့်ကျင်ဘက် မဖြစ်ပျက်သော နိဗ္ဗာန်ကိုလည်း မဂ်ဥာဏ်ဖြင့် မသိမမြင်နိုင်သောကြောင့် မဂ်ကို မရ၍ မမြတ်တော့ပေ။
တရက်တည်းပင် အသက်ရှည်ရွေ့နေသော်လည်း မိမိခန္ဓာမှာ ရှိနေတဲ့ ရုပ်နာမ်ဖြစ်ပျက်ကို မြင်က ရုပ်နာမ်နှင့် ဆန့်ကျင်ဘက် မဖြစ်မပျက်သော နိဗ္ဗာန်ကိုလည်း သိမြင်နိုင်၍ မဂ်ကိုရသောကြောင့် မြတ်လေတော့သည်။
တသံသရာလုံးက အမြတ်စာရင်းဝင် မဖြစ်နိုင်ကြတာ ယခုဘ၀ ဥဒယဗ္ဗယဥာဏ်ကိုရ၍ အမြတ်စာရင်းဝင် ဖြစ်နိုင်ကြပေသည်။
No comments :
Post a Comment