adv
.
.

.
တိရတနာ Online Radio
DEF Radio and RainRockinRadio
Online Radio အစီအစဉ်အား ညစဉ် ၇ နာရီ မှ ၁၀ နာရီထိ .... အသံ ပျက်တောက် သွားပါက refresh ပြုလုပ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Recent Posts
- 04 Jan 2021 - tiratana
- 23 Dec 2020 - tiratana
- 20 Dec 2020 - tiratana
အလှူရှင်ဂုဏ်ပြုမှတ်တမ်းလွှာ
12 Dec 2020 - tiratanaEngland နိုင်ငံ London မြို့ မြန်မာသံရုံးမှ ပေးပို့လာသော ဗြိတိန်-ဒိန်းမတ်-ဆွီဒင်- အိုင်ယာလန်နိုင်ငံရောက် အခက်အခဲရှိ၍ အမိမြေကိုပြန်လိုသော မြန်မာနိုင်ငံသားများအတွက် နောက်ဆက်တွဲကြေညာချက်များ ဖတ်ရှူနိုင်ပါသည်။ (အခက်အခဲရှိ၍ ဖေါင်ဖြည့်ရန်လိုအပ်ပါက မူရင်းကို ပို့ပေးပါမည်)
03 May 2020 - tiratanaဆွီဒင်နိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာအဖွဲ့မှ ရောဂါဖြစ်နေသူများနာကြားရန် လွင့်တင်ထားသော ပရိတ်တရားနာကြားနိုင်ပါသည်။
14 Apr 2020 - tiratanaမြန်မာနိုင်ငံဆိုင်ရာ သာသနာပြုနိဗ္ဗာန်ဆော်
09 Apr 2020 - tiratanaဆွီဒင်နိုင်ငံ တိရတနာကျောင်းတွင် တည်ထားကိုးကွယ်လျှက်ဖြစ်သော သဗ္ဗဇယမင်္ဂလာစေတီတော်မြတ် ထီးတော်တင်ပွဲတော် နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ဖိတ်ကြားလွှာ (UPDATE)
26 May 2019 - tiratanaဆွီဒင်နိုင်ငံ တိရတနာကျောင်းတွင် တည်ထားကိုးကွယ်လျှက်ဖြစ်သော သဗ္ဗဇယမင်္ဂလာစေတီတော်မြတ် ထီးတော်တင်ပွဲတော် နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ဖိတ်ကြားလွှာ
08 May 2019 - tiratana
Sunday, October 23, 2016
Friday, October 21, 2016
Saturday, October 15, 2016
မြတ်- မမြတ်
ယော စ ၀ဿ သတံ ဇီဝေ၊ အပဿံ ဥဒယဗ္ဗယံ။
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဥဒယဗ္ဗယံ။
မြတ်- မမြတ်
အသက်တရာပင် ရှည်၍ နေသော်လည်း မိမိခန္ဓာကိုယ်မှာ ပဋိသန္ဓေမှ စုတိ သေနေ့သို့ တိုင်အောင် မပြတ်မစဲ ထပ်တလဲလဲ ဖြစ်ပျက်နေကြသော ဖြစ်/ပျက်တရားတွေကို ထပ်တလဲလဲ တဲ့တဲ့မမြင်လျှင် ဖြစ်ပျက်နှင့် ဆန့်ကျင်ဘက် မဖြစ်ပျက်သော နိဗ္ဗာန်ကိုလည်း မဂ်ဥာဏ်ဖြင့် မသိမမြင်နိုင်သောကြောင့် မဂ်ကို မရ၍ မမြတ်တော့ပေ။
တရက်တည်းပင် အသက်ရှည်ရွေ့နေသော်လည်း မိမိခန္ဓာမှာ ရှိနေတဲ့ ရုပ်နာမ်ဖြစ်ပျက်ကို မြင်က ရုပ်နာမ်နှင့် ဆန့်ကျင်ဘက် မဖြစ်မပျက်သော နိဗ္ဗာန်ကိုလည်း သိမြင်နိုင်၍ မဂ်ကိုရသောကြောင့် မြတ်လေတော့သည်။
တသံသရာလုံးက အမြတ်စာရင်းဝင် မဖြစ်နိုင်ကြတာ ယခုဘ၀ ဥဒယဗ္ဗယဥာဏ်ကိုရ၍ အမြတ်စာရင်းဝင် ဖြစ်နိုင်ကြပေသည်။
Friday, October 14, 2016
ကထိန်
{ကထိန်}
မြတ်စွာဘုရားစသော သူတော်ကောင်းတို့က ကောင်း၏ဟု ဝမ်းမြှောက်နုမော သာဓုခေါ်သည့်အတွက်ကြောင့် ကထိန်ဟုခေါ်သည်။
ကထိန်၏ ထူးမြတ်ပုံ
၁။ ဒေသ - လူ့ပြည်၌သာ ပြုနိုင်ပေ၏။
၂။ သမယ- သီတင်းကျွတ်လပြည့်ကျော် ၁ ရက်မှ တန်ဆောင်မုန်းလပြည့်နေ့ ၁ လ အချိန်အခါ၌သာ ခင်းခွင့်ရ၏။
၃။ ဝတ္ထု- အယုတ်ဆုံးအားဖြင့် မိခင်ကိုတောင် မတောင်းအပ် ဒကာ ဒကာမ တို့အလိုလျောက် သဒ္ဓါပေါက်၍ လှူဒါန်းအပ်သော သင်္ကန်းဖြစ်ရမည်။
၎။ အာနိသံသ -ကထိန်ခံသောရဟန်းတို့ အနာမန္တစသော အကျိုးငါးပါး ရရှိခြင်း။
၅။ ဖလ- ကထိန်ခင်းခွင့်ရသော ဒကာ ဒကာမတို့အား သံဃာတော်တို့ရအပ်သော အကျိုးနည်းတူ အကျိုးများရရှိခြင်း။
{ကထိန်အာနိသင်}
ရဟန်းတို့ရအပ်သော အကျိုးများမှာ
၁။အာမန္တာစာရ -ကျောင်းတိုက်အတွင်းရှိ အတူနေရဟန်းများကို မပန်ကြားပဲပြင်ပသို့ကြွသော်လည်း
အာပတ် မသင့်ခြင်း။
၂။ အသမာဒါနစာရ-အဓိဋ္ဌာန်တင်အပ်သော တိစီဝရိတ်သင်္ကန်းနှင့် ညဥ့်ကင်း၍ နေသော်လည်း အာပတ် မသင့်ခြင်း။
၃။ ဂဏဘောဇန-ထမင်းစားကြွပါစသည်ဖြင့် မအပ်သော နည်းဖြင့်ပင့်ဖိတ်၍ ၄ပါးထက် အလွန်ကြွရောက်သုံးဆောင်သော်လည်း အာပတ် မသင့်ခြင်း။
၎။ ယာဝဒတ္တစီဝရ - (သီတင်းကျွတ်လပြည့်ကျော် ၁ရက်မှ တပေါင်းလပြည့်နေ့တိုင်အောင်) ကထိန်အာနိသင်၅ လအတွင်းသင်္ကန်းအမျိုးမျိုးကို အဓိဋ္ဌာန်မတင်၊ ဝိကပ္ပနာ မပြုထားသော်လည်း အာပတ် မသင့်ခြင်း။
၅။ ယာဝတတ္ထ စီဝရုပ္ပါဒ - ကထိန်ခင်းရာ ကျောင်းတိုက်အတွင်း အသစ်အသစ်သော သင်္ကန်းများကို အစိုးတရပိုင်ဆိုင်ခြင်း၊ ကထိန်အာနိသင်မရသော ရဟန်းနှင့် အာဂန္တုက ဧည့်သည်ရဟန်းတို့အား ခွဲဝေမပေးသော်လည်း အာပတ်မသင့်ခြင်း တို့ဖြစ်သည်။
{ကထိန်ဒကာ ဒကာမတို့ ရအပ်သောအကျိုး}
၁၊ အဆင်းလှခြင်း
၂၊ ချမ်းသာခြင်း
၃၊ ဘေးရန်ကင်းစွာ သွားလာနိုင်ခြင်း
၎၊ အသက်ရှည်ခြင်း
၅၊ တတိုင်းရခြင်း
၆၊ ခွန်အားကြီးခြင်း
၇၊ ဉာဏ်ပညာကြီးခြင်း
၈၊ နိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်ခြင်း။
၈=ပါးတို့ဖြစ်လေ၏။ ။
{ကထိန်ခင်းကောင်းသောသင်္ကန်း}
၁။ ဒုကုဋ် ခေါ် နှစ်ထပ်သင်္ကန်း
၂။ ဧကသီခေါ် ကိုယ်ရုံ
၃။ သင်းပိုင် ခေါ် ခါးဝတ် တို့ဖြစ်သည်။
နေမျိုးသာကီ

Subscribe to:
Posts
(
Atom
)
.