adv

တိရတနာကျောင်းမှသင်.ကိုနွေးထွေးစွာဖိတ်ခေါ်ပါသည် ။ နောင်တစ်ချိန်တွင် စကြာဝဠာတစ်ခုလုံး ကိုးကွယ်ကြသည် ဘာသာတရားတစ်ခု ဖြစ်ပေါ်လာလိမ့်မည်။ ထိုဘာသာတရားသည် တစ်ယူသန်ဝါဒ၊ တရားသေဝါဒများကိုလည်း ရှောင်လွှဲနိုင်လိမ့်မည်။ သဘာဝတရားနှင့် ဘာသာတရား နှစ်ခုလုံးကို လွှမ်းခြုံမိသည့် ဤဘာသာစကားသည် ရုပ်နာမ်တရားကို ကိုယ်တွေ့ခံစားသိမြင်မှုနှင့် အဓိပ္ပါယ်ပြည့်ဝသည့် ပေါင်းစည်းညီညွတ်မှုအပေါ်မှာ အခြေခံလိမ့်မည်။ အကယ်၍သာ ခေတ်သစ်သိပ္ပံ နည်းကျလိုအပ်ချက်များကို အဖြေထုတ် ဖြည့်ဆည်းပေးနိုင်မည့် ဘာသာတရားတစ်ခု ရှိလာမည်ဆိုလျှင် ထိုဘာသာတရားသည် #ဗုဒ္ဓဘာသာပဲ ဖြစ်လိမ့်မည်။ " ကမ္ဘာကျော်သိပ္ပံဆရာကြီး ဒေါက်တာအဲလဘတ်အိုင်းစတိုင်လ် " ...။။

.

{short description of image}

.

.

.



{short description of image}

တိရတနာ Online Radio

” တိရတနာ မြန်မာဘုန်းတော်ကြီးကျောင်း ဒီဇင်ဘာ ခရစ်စမတ် (ရုံးပိတ်ရက်) အတွင်း အခြေခံ ပဋ္ဌာန်းသင်တန်း.. (၂၄) ပစ္စည်း ပဋ္ဌာန်း အဓိပ္ပါယ်များသည် မိမိတို့  နေ့ စဉ်ဘ၀၌ မည်ကဲ့သို့ အကျိုးပြုနေသည်၊ ဆက်နွယ်နေသည် စသော ကြောင်း+ ကျိုး နိယာမဆက်နွယ်ပုံများကို အကျဉ်းချုနှင့်လက်တွေ့ အခြေခံ ၀ိပဿနာ ရှုမှတ်နည်း....၀ိပဿနာဟူသည် မိမိတို့ ဘ၀တွင် အေးချမ်းစွာ နေထိုင်တတ်အောင် သင်ယူရသော ဘ၀နေနည်း အတတ်ပညာ ........ ဗုဒ္ဓဘာသာဝင် အားလုံးနှင့် အတူတကွ ဆရာတော် - ဒေါက်တာ အရှင်သုနန္ဒာလင်္ကာရ ( M.A, Ph.D )သာမဏေကျော်၊ ဥဘတော ၀ိဘင်္ဂဓရ၊ သာသနာ့ဓဇ ဓမ္မာစရိယ၊ ၀ိနယ၀ိဒူ၊ အဂုင်္တ္တရ နိကာယ၀ိဒူ )ကသင်တန်းပြသပေးမည်ဖြစ်ပါသဖြင့် ဓမ္မမိတ်ဆွေအပေါင်းအား လေးစားစွာ ဖိတ်ကြား အပ်ပါသည်။ သင်.အကြံပြုဆွေးနွေးချက်များကို နွေးထွေးရင်းနှီးစွာ ဖိတ်ခေါ်လျှက်.... တိရတနာကျောင်း အကျိုးတော်ဆောင်အဖွဲ.....
DEF Radio and RainRockinRadio
Online Radio အစီအစဉ်အား ညစဉ် ၇ နာရီ မှ ၁၀ နာရီထိ .... အသံ ပျက်တောက် သွားပါက refresh ပြုလုပ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Recent Posts

Välkommen till Tiratana Theravada Buddhist Tempel.. Stöd Tiratana genom att bli medlem! Vi välkomnar alla och interreligiösa familjer åtagit sig att leva ett budda sätt att bli medlemmar i Temple Tiratana. Du kan bli medlem när som helst genom vår admin och praktiskt bidrag till utvecklingen av Tiratana. Alla medlemmar får en medlem card.For mer information om Temple medlemskap, tjänster och aktiviteter, kontakta templet admin. Phone 076 7077445 Phone: 076 8247198 Email tiratana3@hotmail.com ။။

Friday, October 2, 2015

အာနာပါန



အာနာပါ နဿတိသည် ကာယာနု ပဿနာ သတိပဌာန် တစ်မျိုး ဖြစ်ပါသည်။

အာနာပါနသည် ထွက်လေ ၀င်လေဆိုသည့် ၀ါယောဓါတ် ခေါင်းဆောင်သည် ဓါတ်တရားတွေ စုပေါင်း ထားသော ကာယကို အစိတ်စိတ် အမွှာမွှာ ကွဲသွားအောင် အဖန်ဖန် အထပ်ထပ် ရှုရသော သတိပဌာန်ကို ခေါ်ပါသည်။

ခန္ဓာကိုယ်ကို ဖြောင့်ဖြောင့် ထား၍ သတိကို
နှာခေါင်း ရှည်သော ပုဂ္ဂိုလ်ဆိုလျှင် နှာသီးဝ၊ နှာခေါင်းတိုလျှင် အထက်နုတ်ခမ်း မှာထားပါ။ ထွက်လေ ၀င်လေကို သတိနဲ့ ၀င်၊ ထွက်စေရမည်။

က) မှတ်နည်းမှာ

    ၁) ထွက်လေ ၀င်လေ တစ်စုံကို ၁၊ ၂၊ ၃၊ ၄၊ ၅ ဟု မှတ်တဲ့နည်း။
    ၂) အနုပတ္တာနည်း - နေရာတစ်ခုခုမှာပဲ သတိကိုထားပါ။ ထွက်လေ ၀င်လေကို စ၊ လယ်၊ ဆုံး သိအောင် လုပ်တဲ့နည်း။
    ၃) ဌာပနာနည်း - ထိတဲ့ နေရာမှာ ထိထိနေတာ သိအောင် လုပ်တဲ့နည်း။

ခ) ကြာတာ၊ မြန်တာ သိအောင် လုပ်ပါ။ တိုတိုလား၊ ရှည်ရှည်လား သိအောင် လုပ်ရမည်။

ဂ) ပြင်းထန်သလား၊ နူးညံ့သလား သိအောင် လုပ်ရမည်။

ထွက်လေ ၀င်လေသည် စိတ္တဇ ၀ါယော ဖြစ်လို့ စိတ်ပေါ် မူတည်သည်။ စိတ်တွေ ကြမ်းလျှင် ထွက်လေ ၀င်လေက ကြမ်းသည်။ နီဝရဏ တရား ၅ ပါး မကင်းလျှင် ပျံ့လွင့်တဲ့ စိတ်က ပူလောင်တဲ့ သဘော ရှိပါသည်။ ၄င်းကြောင့် ဖြစ်တဲ့ စိတ်က ကြမ်းပါသည်။

နီဝရဏဆိုသည်မှာ-
    ၁) တစ်စုံတစ်ခုကိုလိုချင်တဲ့စိတ်
    ၂) အလိုမကျတဲ့စိတ်
    ၃) ငိုက်မျဉ်းတာ
    ၄) ပျံ့လွင့်တာ၊ ပူပန်တဲ့စိတ်
    ၅) မဆုံးဖြတ်နိုင်တဲ့စိတ်

ဃ) နီဝရဏ ကင်း၍ စိတ်တွေ သိမ်မွေ့သွားတဲ့ အခါ ၀င်လေ ထွက်လေသည် နူးညံ့ လာပါသည်။ သိပ်ပြီး သိမ်မွေ့ လာရင် ထွက်လေ ၀င်လေ ရှိမှ ရှိသေးလားလို့ ထင်ရ တတ်ပါသည်။ အောက်ပါ ပုဂ္ဂိုလ်များ မှသာ ထွက်လေ ၀င်လေ ချုပ်ပါသည်။
    ၁) အမိဝမ်းထဲက ကလေး
    ၂) သေသွားတဲ့ပုဂ္ဂိုလ်
    ၃) သေခါနီးမိန်းမျောနေတဲ့သူ
    ၄) စတုထ္တဈာန်ဝင်စားနေသူ
    ၅) နိရောဓသမာပတ်ဝင်စားသူ
    ၆) ဗြဟ္မပြည်ရောက်နေပုဂ္ဂိုလ်(ဗြဟ္မာ)

င) ၀ီရိယ စိုက်ပြီး ရှုလျှင် သိမ်မွေ့နေသော ၀င်လေ ထွက်လေကို တွေ့လာ လိမ့်မည်။ စိတ်တွေ ကြည်လာ တတ်သည်။

အဖြူရောင် ညစ်ထေးထေး နမိတ် စပေါ် လာမည်။ ပေါ်လာ ကာစတွင် ၀င်လေ ထွက်လေက သတ်သတ် နမိတ်က သတ်သတ် ဖြစ်နေ တတ်သည်။ ယင်းသို့ နမိတ်ပေါ် လာလျှင် စိတ်က ပေါ်လာသော နိမိတ်ပေါ် ရောက်သွား တတ်သည်။

နမိတ်ကို ဆက်ရှု ရမည်။ နမိတ် ပျောက် သွားလျှင် ဘာဝနာ စိတ်ကို ၀င်လေ ထွက်ပေါ် ပြန်တင်ရမည်။ ဘာဝနာ စိတ်အား ကောင်းလျှင် နမိတ်နှင့် ၀င်လေ ထွက်လေတို့ တစ်ထပ်တည်း ကျလာ လိမ့်မည်။

ယင်းနောက်မှာ နှာခေါင်းထဲက လှုပ်ရှားနေသော မီးခိုးတန်းလို၊ ဖြူဖြူ ဖွေးဖွေး ၀ါဂွမ်းဆိုင်လို အစတွင် ဖြစ်မည်။ ဘာဝနာစိတ် ခိုင်ခံ့ လာသော အခါ ဖြူဖွေး ကြည်လင် တောက်ပသော မီးချောင်းလို ကြည်လို နက္ခတ်လို ပုလဲလုံး ရွဲလုံးလို ပေါ်လာ တတ်သည်။ ဈာန်လမ်း သွားချင်လျှင် ပေါ်လာသော နမိတ်ကို မလွတ်တန်း ရှုဖို့ လိုပါသည်။

လှုပ်နေတဲ့ နမိတ်က ငြိမ်သွားသည် အထိ အာရုံပြု ပွါများလျှင် ဈာန်စခန်းသို့ ရောက်ပြီ။ ၄င်းဈာန်ကလည်း နီဝါရဏ ၅ ပါးကို လောင်ကျွှမ်း သွားစေပါသည်။

နမိတ် ၃ မျိုးမှာ -
    ၁) မူလ ၀င်လေထွက်လေက ပရိကမ္မနမိတ်
    ၂) မီးခိုးတန်းလို ၀ါဂွမ်းဆိုင်လို အစရှိတဲ့ လှုပ်ရှားပြီးနေတဲ့နမိတ်က ဥဂ္ဂဟနမိတ်
    ၃) ကြည်လင်တောက်ပပြီး ငြိမ်၍ပေါ်လာတာက ပဋိဘာဂနမိတ်

ဈာန်မှာ အင်္ဂါ ၅ ပါး ရှိသည်။

    ၁) စိတ်ကို နမိတ်ပေါ် မရောက်ရောက်အောင် တင်ပေးရတဲ့ ၀ိတက်

    ၂) ထိုနမိတ်ကို အဆက်မပြတ် ဆင်ခြင်နေတဲ့ သုံးသပ်နေတဲ့ ၀ိစာရ

    ၃) ၀ိစာရနှင့် နမိတ်ကို ဆင်ခြင်ပါ များတော့ ပွတ်ပါ များရင် အရောင် တလက်လက် ထွက်လာသော ရွှေပုထိမ် သည်ရဲ့ လက်ဝတ် ရတနာများလို လှုပ်ရှားနေတဲ့ နမိတ်ကငြိမ်ပြီး ကြည်လင် လာသည်။ (ထိုနမိတ်ကို နှစ်သက်တဲ့ သိမ့်ကနဲ ငြိမ့်ကနဲ ခံစားတတ်တဲ့ ပီတိ)

    ၄) အေးချမ်းတဲ့ သဘော ပဿဒ္ဒိ၊ စိတ်တွေလဲ အေးချမ်လို့ ခန္ဓာကိုယ်လဲ အေးချမ်း လာသည်။ ငြောင်းညာကိုက်ခဲခြင်း မရှိ။ ခန္ဓာ ကိုယ်ကြီးကို အောက်က မြောက်ပင့် လိုက်သလို ပေါ့နေသလို ခံစားရသည့် လဟုတာ။ အောက်မှာ ထိနေတယ်လို့ မထင်ရ။ နတ်စည်းစိမ် တမျှဟု ဆိုပါသည်။

    ၅) နောက်ဆုံး စိတ်က တည်ငြိမ်သွားတဲ့ ဧကဂ္ဂတာ။ သမာဓိ ရသွားပါပြီ။ ပထမဈာန်ဟု ခေါ်သည်။ စိတ်က နီဝရဏလွတ်လို တက်ကြွ လန်းဆန်း အေးချမ်း နေပါတယ်။

ဤနေရာတွင် ၀ိပဿနာ မရှုလိုသေး ပါက ၀ိတက် ၀ိစာရကို ပယ်လျှင် ဒုတိယဈာန်၊ ပီတိကို ပယ်လျှင် တတိယဈာန်၊ သုခကို ပယ်လျှင် စတုထ္ထဈာန် အထိ တက်သွားနိုင်သည်။

ဈာန်စခန်း သွားရင် ဉာဏ်မလို သေးပါ။ ရှုရုံပဲ ရှုနေရင်း တက်သွား ပါသည်။ ပထမဈာန် ရပြီး ၀င်လေ ထွက်လေ ဆိုသော တွန်းကန် လှုပ်ရှား တတ်သည့် ၀ါယောဓါတ် ဖြစ်သည့် ရူပ်ကို ရှုရင် ကယာနု ပဿနာ။ ပီတိ၊ သုခ ဆိုသည့် စေတသိတ် များကိုရှုရင် ဝေဒနာနု ပဿနာ။ ကြည်လင် နေသည်ကို သိနေသော စိတ်ကို ရှုရင် စိတ္တာနု ပဿနာ။ ထိုစိတ် စေတသိတ်နှင့် ရုပ်များ မမြဲဘူး ဆိုသည့် အနိစ္စသဘော၊ ကုန်ပျောက် တတ်သည် ဆိုသည့် ၀ိရာဂသဘော (တက်မက် စရာ မရှိ)၊

ချုပ်ပျောက် ပျက်စီး တတ်သည် ဆိုသည့် နိရောဓ (ခိုင်မြဲသည်ဟု မယူဆ)၊ စွန့်ပစ်ရမည် ဆိုသည့် ပဋိနိသေကသဘော၊ အချက် ၄ ချက် ပါသော ဓမ္မာနုပဿနာ။ ယင်းသို့ သုံးသပ်သော ဉာဏ်က သမ္မသနဉာဏ်ရဲ့ အစ ဖြစ်ပါသည်။ ထွက်လေ ၀င်လေက ရုပ်၊ ပီတိပဿဒ္ဒိ ခံစားမှု ဝေဒနာသည် စေတသိတ်၊ ချမ်းသာမှုကို သိနေသည့် စိတ်သည် ၀ိဉာဏ်၊ ယင်းစိတ်စေ တသိတ် ရုပ်များကို ပိုင်းပိုင်း ခြားခြား သိလာခဲ့သော ဉာဏ်ကို နာမ ရူပ ပဋိစ္ဆေဒ ဉာဏ်။ သက္ကာယဒိဌိ ကင်းသွားပါပြီ။

ထိုနာမ် ရုပ်နှစ်ပါးသည် အ၀ိဇ္ဇာ၊ တဏှာ၊ ကံဆိုသော ဝေးသော အကြောင်းကြောင့် ဖြစ်ရပါသည်။ ထွက်လေ ၀င်လေ တည်းဟူသော ၀ါယောရုပ်၏ အနီးဆုံး အကြောင်းမှာ စိတ်ဖြစ်ပါသည်။ အကြောင်းနှင့် အကျိုးကို သိမ်းဆည်း တတ်သည့် ဉာဏ်သည် ပစ္စယ ပရိဂ္ဂဟဉာဏ် ဖြစ်ပါသည်။

ဤသို့ အကြောင်း အကျိုးကြောင့် ဖြစ်နေသော ရုပ်နာမ်နှစ်ပါး၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တကို ဓမ္မာနုပဿနာ သတိပဌာန်နှင့် ၀ိပဿနာ ရှုလျှင် သမ္မသနဉာဏ် ဖြစ်ပြီ။ ၄င်းရုပ်နာမ် များ၏ ဖြစ်လာတာ ပျက်လာတာကို မြင်သော ဉာဏ်က ဥဒယဗ္ဗယဉာဏ် ဖြစ်သည်။ ဖြစ်လာတာတွေ့လျှင် ဥစ္ဆေဒဒိဌိ ပြုတ်ပြီး ပျက်တာတွေ့လာသော် မြဲသည်ဆိုသော သဿတဒိဌိ ပြုတ်ပါသည်။

ဖြစ်ခြင်းနှင့် ပျက်ခြင်းတွင် ပျက်ခြင်းက ကြောက်စရာ ကောင်းသည့် သဘောဆောင်လို့ ဉာဏ်က ပျက်သည့် ဘက်ကိုပဲ ဒလစပ် ရှု သွားပါသည်။ အပျက်ကို သုံးသပ်ခြင်းက ဘင်္ဂဉာဏ် ဖြစ် ပါသည်။ ၀ါယောရုပ် ကိုပဲ ဖြစ်ဖြစ်၊ ဝေဒနာ တစ်လုံးကို ဖြစ်ဖြစ်၊ ကြည်လင်နေသော စိတ်ကလေး တစ်လုံးကို ဖြစ်ဖြစ် ပျောက်ပျက် သွားနေသည်ကို မြင်သောအခါ ကြောက်စရာ ဆိုသည့် သံဝေဂ ဉာဏ် ဘယဉာဏ် ပေါ်လာပါသည်။

ထိုပျောက်ပျက်နေသော ခန္ဓာက အားကိုး စရာ မဟုတ်ဟု သိသော ဉာဏ်ဖြစ်သည့် အာဒီန၀ဉာဏ် ဖြစ်လာ စေပါသည်။ ယင်းနောက်တွင် ငြီးငွေ့သော နိဗ္ဗိဒါဉာဏ် ပေါ်ပါသည်။ ထိုသို့ မလိုချင်ပဲ ရှုမှတ်နေ ရတာကို လွတ်ချင်သော မုဉ္စိတုကမျတာဉာဏ် ပေါ်လာ ပါသည်။

သို့သော် ရေနစ်မှာကြောက်၍ ခွေးသေကောင် ပုပ်ကို အတင်း ဖက်တွယ် ထားသူကဲသို့ မလွှတ်ပဲ ဤသင်္ခတကိုပင် အနစ္စ၊ ဒုက္ခ၊ အနတ္တဟု ဘာဝနာ စိတ်ဖြင့် ဖိပြီး ရှုမှတ်နေသော ပဋိသင်္ခါဉာဏ် ဆက်ဖြစ် လာပါသည်။ ယင်း အခိုက်တွင် သင်္ခတ တရားကို သုခ၊ ဒုက္ခသောမနဿ မပါသော ဥပက္ခာ ဝေဒနာ ဖြစ်နေပါပြီ။

၎င်းဉာဏ်ကို သင်္ခါ ရုပက္ခာဉာဏ် ဟု ခေါ်ပါသည်။ ထို့နောက်မှာ မဂ်ဖြစ်ပေါ်ရန် ကျေးဇူးပြုသည့် အနုလောမဉာဏ် ဖြစ်ပေါ်လာပါပြီ။ ဆက်လက်၍ အထူးကြောင့်ကြ မစိုက်ရပဲ ဂေါတြဘု ဉာဏ် ပေါ်လာပါသည်။ ထိုဉာဏ်က သင်္ခတ အာရုံကို မယူတော့ပဲ အသင်္ခတကို မျော်ကြည့်သည့် ဉာဏ်ဖြစ်ပါသည်။

ယင်းနောက်တွင် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် အစဉ် အတိုင်း ပေါ်လာ ပါတော့သည်။ ထိုနောက် ချုပ်ပျောက်ခဲ့ပုံ ပယ်ပြီးကိလေသာ များကို ပြန်ဆင်ခြင်သည့် ပစ္စ၀က္ခဏာဉာဏ် ပေါ်လာပါသည်။

အာနာပါန သတိပဌာန်သည် သတိပဌာန် လေးပါး ပြည့်စုံသည့်အတွက် ဗောဇ္ဈင် ရ ပါး ဖြစ်ပါသည်။

(ဆရာတော် အရှင်ဉာဏိသရ ဟောကြားသော အာနပါနသတိပဌာန် တရားထဲမှ ကောက်နုတ် ဖော်ပြပါသည်။)

တဆင့် ဓမ္မဒါန တင်ပြအပ် ပါသည်ခင်ဗျာ (ဗဟုသုတ တိုးပွားနိုင်ကြ ပါစေခင်ဗျာ)

(Post များမှ ဓမ္မ တရားတော်များကို အများသူငါ ဖတ်ရှု လေ့လာ ကုသိုလ်ပွား နိုင်ရန် အတွက် ထပ်ဆင့်၍ ဝေမျှ Share ခြင်းဖြင့် ကုသိုလ် ယူနိုင်ကြ ပါသည် ခင်ဗျာ)

No comments :

Post a Comment

.

.
Related Posts Plugin for WordPress, Blogger...