အသေမဦးခင် ဥာဏ်ဦးပါ
အသေမစောင့်နဲ့၊ ရတုန်းရခါ တရားရှာပါ။
နေ့ညကုန်နေတာမဟုတ်၊ မိမိ သက်တမ်းကုန်နေတာ။ ဘယ်ဗေဒင် ကိုမှ မယုံကြနဲ့၊
ခန္ဓာကသူ့လမ်းသူပြေးနေတော့ မနေ့ကထက်ယနေ့ သေဖို့ တစ်ရက်နီး
သွားပြီဆိုတာသာ ယုံလိုက်ပါ။ ခန္ဓာ၏၀တ္တရားက အသေရှာတာ။ ဉာဏ်၏ ၀တ္တရားက အသေရှောင်တာ။
ခန္ဓာကသုသာန်ကိုအပြေးသွားနေတာ။မြန်မြန်လုပ်ပါ။ အသက်ကယ် ခပ်တိုတိုလေးမှာ ခပ်ခိုခို လုပ်မနေနဲ့။
အသေစောသွားရင် ကိုယ်ကျိုးနည်းလိမ့်မယ်။ အသေမဦးခင် ဉာဏ်ဦးအောင်
တရားအားထုတ်ပါ။အပြေး
မရပ်တဲ့ခန္ဓာကိုယ်သုသာန်မရောက်ခင်မဂ္ဂင်အလုပ်မြန်မြန်လုပ်ပါ။
(မိုးကုတ်ဆရာတော်)
တရားမြင်မှ ဘုရားမြင်မယ်
လုပ်ရင်လုပ်ကြ၊
မလုပ်ရင်ကိုယ်ကျိုးနည်းလိမ့်မယ်။ မလုပ်လို့ မရတာ၊ နိဗ္ဗာန်မလိုချင်
လို့မရတာ၊အခုလုပ် အခုရမယ်။ ခန္ဓာမှာ နိဗ္ဗာန်ရှိတယ်။ ခန္ဓာမှာ တရားရှိတယ်။
ခန္ဓာမှာ သံဃာရှိတယ်။ ခန္ဓာမှာတရားတွေ့ ရင် ဘုရားတွေ့ မယ်။ အခု သာသနာနဲ
့ကြုံကြိုက်တဲ့ အခါ ပုတီးလေးတွေနဲ့ ရောင့်ရဲမနေနဲ့။ ဒါန၊သီလ၊ သမထနဲ့
မတင်းတိမ်ကြနဲ့ ။ မြတ်စွာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက
ကျွတ်တမ်းဝင်မယ့်ပုဂ္ဂို လ်တွေအများကြီး ရှိသေးလို့  ထားပစ်ခဲ တဲ့ သာသနာ။
နိဗ္ဗာန်ကို ဒီတစ်ဘ၀တည်းနဲ့ ကူးနိုင်တယ်။
့(သဲအင်းဂူ ဆရာတော်)
အခွင့်သာတုန်းမှာ အားထုတ်ပါ
ငရဲမှာကျရောက်နေတဲ့အခါ၊ပြိတ္တာဖြစ်နေတဲ့အခါ၊တိရိစ္ဆာန်ဖြစ်တဲ့အခါများမှာ
ဒီတရားကိုအားထုတ်ခွင့် မရဘူး။ ဒီလိုတရားအားမထုတ်မိခဲတဲ့အတွက် ငရဲ တိရိစ္ဆာန်
ပြိတ္တာဖြစ်ပြီး ဆင်းရဲခဲ့ရတဲ့ဘဝတွေများ လှပြီ။ ယခုအခါမှာ အစစ အရာရာ
အကြောင်းညီညွတ်လို့ အားထုတ်ခွင့် ရနေတယ်။ ဒီလိုအခွင့်ကောင်းရတဲ့ အခါ
အားထုတ်ရမှာ ပျင်းနေလို့ တရားထူးကို မရရင် နောင်အခါမှာ ငရဲ၊ တိရစ္ဆာန်၊
ပြိတ္တာဘုံများသို့ရောက်ပြီး ဘဝပေါင်းများစွာ အကြီးအကျယ် ဆင်းရဲဒုက္ခတွေ ခံစားသွားရလိမ့်မယ်။
(မဟာစည် ဆရာတော်)
adv
.
.
.
တိရတနာ Online Radio
DEF Radio and RainRockinRadio
Online Radio အစီအစဉ်အား ညစဉ် ၇ နာရီ မှ ၁၀ နာရီထိ .... အသံ ပျက်တောက် သွားပါက refresh ပြုလုပ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Recent Posts
04 Jan 2021 - tiratana
23 Dec 2020 - tiratana
20 Dec 2020 - tiratana
အလှူရှင်ဂုဏ်ပြုမှတ်တမ်းလွှာ
12 Dec 2020 - tiratana
England နိုင်ငံ London မြို့ မြန်မာသံရုံးမှ ပေးပို့လာသော ဗြိတိန်-ဒိန်းမတ်-ဆွီဒင်- အိုင်ယာလန်နိုင်ငံရောက် အခက်အခဲရှိ၍ အမိမြေကိုပြန်လိုသော မြန်မာနိုင်ငံသားများအတွက် နောက်ဆက်တွဲကြေညာချက်များ ဖတ်ရှူနိုင်ပါသည်။ (အခက်အခဲရှိ၍ ဖေါင်ဖြည့်ရန်လိုအပ်ပါက မူရင်းကို ပို့ပေးပါမည်)
03 May 2020 - tiratana
ဆွီဒင်နိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာအဖွဲ့မှ ရောဂါဖြစ်နေသူများနာကြားရန် လွင့်တင်ထားသော ပရိတ်တရားနာကြားနိုင်ပါသည်။
14 Apr 2020 - tiratana
မြန်မာနိုင်ငံဆိုင်ရာ သာသနာပြုနိဗ္ဗာန်ဆော်
09 Apr 2020 - tiratana
ဆွီဒင်နိုင်ငံ တိရတနာကျောင်းတွင် တည်ထားကိုးကွယ်လျှက်ဖြစ်သော သဗ္ဗဇယမင်္ဂလာစေတီတော်မြတ် ထီးတော်တင်ပွဲတော် နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ဖိတ်ကြားလွှာ (UPDATE)
26 May 2019 - tiratana
ဆွီဒင်နိုင်ငံ တိရတနာကျောင်းတွင် တည်ထားကိုးကွယ်လျှက်ဖြစ်သော သဗ္ဗဇယမင်္ဂလာစေတီတော်မြတ် ထီးတော်တင်ပွဲတော် နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ဖိတ်ကြားလွှာ
08 May 2019 - tiratana
Monday, October 26, 2015
Sunday, October 25, 2015
Saturday, October 24, 2015
သြစတေးလျား ဆရာတော် အရှင် ဦးဇာဂရ Umeå တရားပွဲ
ဓမ္မမိတ်ဆွေအပေါင်း သူတော်ကောင်းတို့ ....
သြစတေးလျား ဆရာတော် အရှင် ဦးဇာဂရ (သာသနာ့တက္ကသီလ ဓမ္မာစရိယ B.A Buddhism )သည်
ယနေ.၂၀၁၅-၁၀-၂၄ တွင် ဆွီဒင်နိုင်ငံ Umeå တွင် ကြွရောက်အပူဇော်ခံပြီးတရားရေအေးအမြိုက်ဆေးကို တိုက်ကျွေးဟောကြား မည်ဖြစ်ကြောင်း ဓမ္မမိတ်ဆွေသူတော်စင်တို့အား
နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်အပ်ပါသည်။
ဆရာတော်၏တရားတော်များကို တိရတနာ online radio မှ ဓမ္မမိတ်ဆွေအပေါင်း သူတော်ကောင်းတို့
နာယူနိုင်ရန်ယနေ.ထုပ်လွှင့်ပေးမည်ဖြစ်ကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်အပ်ပါသည်။
Admin
http://tiratana3.blogspot.se/
iphone နှင့် android phone အောက်ပါလင့်မှနာ:ဆင်ကြပါ
km99.caster.fm
သြစတေးလျား ဆရာတော် အရှင် ဦးဇာဂရ (သာသနာ့တက္ကသီလ ဓမ္မာစရိယ B.A Buddhism )သည်
ယနေ.၂၀၁၅-၁၀-၂၄ တွင် ဆွီဒင်နိုင်ငံ Umeå တွင် ကြွရောက်အပူဇော်ခံပြီးတရားရေအေးအမြိုက်ဆေးကို တိုက်ကျွေးဟောကြား မည်ဖြစ်ကြောင်း ဓမ္မမိတ်ဆွေသူတော်စင်တို့အား
နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်အပ်ပါသည်။
ဆရာတော်၏တရားတော်များကို တိရတနာ online radio မှ ဓမ္မမိတ်ဆွေအပေါင်း သူတော်ကောင်းတို့
နာယူနိုင်ရန်ယနေ.ထုပ်လွှင့်ပေးမည်ဖြစ်ကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်အပ်ပါသည်။
Admin
http://tiratana3.blogspot.se/
iphone နှင့် android phone အောက်ပါလင့်မှနာ:ဆင်ကြပါ
km99.caster.fm
Saturday, October 17, 2015
Thursday, October 15, 2015
ကထိန် အာနိသင် ''ကထိန်သင်္ကန်းအကြောင်း သိကောင်းစရာ ''

အလှူရေစက်လက်နှင့်မကွာ လှူဒါန်းကြသော မြန်မာဗုဒ္ဓဘာသာတို့ နယ်ပယ်၌
“ကျောင်းမှာ သိမ်၊ သင်္ကန်းမှာ ကထိန်” ဟူသော ဆိုရိုးစကားလေးကို လူတိုင်း
ကြားဘူးကြမည်ထင်ပါသည်။ ကျောင်းလှူတာခြင်း အတူတူ “သိမ်ကျောင်း” လှူတာက
ပိုမြတ်သည်ဟု ဆိုလိုရင်းဖြစ်ပေသည်၊အဘယ့်ကြောင့်ဆိုသော် သိမ် ကျောင်းသည်
ရဟန်းပြုခြင်း၊ ဥပုသ် ပြုခြင်း၊ အခြားသော သံဃာ့ကိစ္စတို့ကို ပြုလုပ်ခြင်းတို့၌
အကျိုးပြုသောကြောင့် ဖြစ်ပေသည်။ ထို့အတူ သင်္ကန်းလှူတာခြင်း အတူတူ
“ကထိန်သင်္ကန်း” လှူ ဒါန်းခွင့်ရခြင်းက
Wednesday, October 14, 2015
Sunday, October 4, 2015
သေခါနီးဝင်လာတတ်သောစိတ်
သေခါနီးဖြစ်တဲ့ စိတ်ဟာ အရမ်းကို အရေးကြီးပါတယ် ။ လားရာသုဂတိကို ချက်ချင်း
အကျိုးပေးနိုင်ပါတယ် ။ ဒီအကြောင်းတရားကို မြတ်စွာဘုရားရှင်က ယခုလို
ဟောကြားခဲ့ပါတယ် ။ နွားကျောင်းသားဟာ နေ၀င်လို့ နွားတွေကို ခြံထဲသွင်းတဲ့
အခါမှာ နွားပျို နွားပေါက်စလေးတွေက ရှေ့ဆုံးကနေ တိုးဝှေ့ပြီး ၀င်ကြတယ် ။
ဒါပေမယ့် မသန်မစွမ်းတော့တဲ့ နွားအိုကြီးတွေကတော့
ပထမငှက်တွင်းဆရာတော်ဘုရားကြီး ဆုံးမစာ
ကာယာနုပဿနာ သတိပဋ္ဌာန်
ရူပ ကာယမှာ ခိုင်မြဲစွာ ဖြစ်တဲ့သတိလို့ခေါ်ပါတယ်။
၃၂ ကောဋ္ဌာသ ကိုအဖန်ဖန်ရှုမှတ်ခြင်း။
ဝင်သက်ထွက်သက်ကို
အဖန်ဖန်ရှုမှတ်ခြင်း.။ပူမှုသဘော အေးမှုသဘောတို့။မာမှုသဘော
ပျော့မှုသဘော။လှုပ်ရှားတွန်းကန်မှုသဘော။
ယိုစီးမှုသဘော
တွေကို အဖန်ဖန်ရှုမှတ်ခြင်း ကို
ကာယနုပဿနာ သတိပဋ္ဌာန်လို့
ခေါ်ပါတယ်။
ကာယနုပဿနာ သတိပဋ္ဌာန်လို့ပြောရင်
အာနာပါန ရှုမှတ်မှုဟာ
အထူးအလေးပေး ရှုမှတ်လို့ အကောင်းဆုံးအဆင်ပြေဆုံး
နဲ့
အလွယ်ဆုံးဖြစ်ပါတယ်။ ၀င်သက်ထွက်သက်
Friday, October 2, 2015
အာနာပါန

အာနာပါ နဿတိသည် ကာယာနု ပဿနာ သတိပဌာန် တစ်မျိုး ဖြစ်ပါသည်။
အာနာပါနသည် ထွက်လေ ၀င်လေဆိုသည့် ၀ါယောဓါတ် ခေါင်းဆောင်သည် ဓါတ်တရားတွေ စုပေါင်း ထားသော ကာယကို အစိတ်စိတ် အမွှာမွှာ ကွဲသွားအောင် အဖန်ဖန် အထပ်ထပ် ရှုရသော သတိပဌာန်ကို ခေါ်ပါသည်။
ခန္ဓာကိုယ်ကို ဖြောင့်ဖြောင့် ထား၍ သတိကို
Subscribe to:
Comments
(
Atom
)
.










