adv
တိရတနာကျောင်းမှသင်.ကိုနွေးထွေးစွာဖိတ်ခေါ်ပါသည် ။ နောင်တစ်ချိန်တွင် စကြာဝဠာတစ်ခုလုံး ကိုးကွယ်ကြသည် ဘာသာတရားတစ်ခု ဖြစ်ပေါ်လာလိမ့်မည်။ ထိုဘာသာတရားသည် တစ်ယူသန်ဝါဒ၊ တရားသေဝါဒများကိုလည်း ရှောင်လွှဲနိုင်လိမ့်မည်။ သဘာဝတရားနှင့် ဘာသာတရား နှစ်ခုလုံးကို လွှမ်းခြုံမိသည့် ဤဘာသာစကားသည် ရုပ်နာမ်တရားကို ကိုယ်တွေ့ခံစားသိမြင်မှုနှင့် အဓိပ္ပါယ်ပြည့်ဝသည့် ပေါင်းစည်းညီညွတ်မှုအပေါ်မှာ အခြေခံလိမ့်မည်။ အကယ်၍သာ ခေတ်သစ်သိပ္ပံ နည်းကျလိုအပ်ချက်များကို အဖြေထုတ် ဖြည့်ဆည်းပေးနိုင်မည့် ဘာသာတရားတစ်ခု ရှိလာမည်ဆိုလျှင် ထိုဘာသာတရားသည် #ဗုဒ္ဓဘာသာပဲ ဖြစ်လိမ့်မည်။ " ကမ္ဘာကျော်သိပ္ပံဆရာကြီး ဒေါက်တာအဲလဘတ်အိုင်းစတိုင်လ် " ...။။
.
{short description of image}
.
.
.
{short description of image}
တိရတနာ Online Radio
” တိရတနာ မြန်မာဘုန်းတော်ကြီးကျောင်း ဒီဇင်ဘာ ခရစ်စမတ် (ရုံးပိတ်ရက်) အတွင်း အခြေခံ ပဋ္ဌာန်းသင်တန်း.. (၂၄) ပစ္စည်း ပဋ္ဌာန်း အဓိပ္ပါယ်များသည် မိမိတို့  နေ့ စဉ်ဘ၀၌ မည်ကဲ့သို့ အကျိုးပြုနေသည်၊ ဆက်နွယ်နေသည် စသော ကြောင်း+ ကျိုး နိယာမဆက်နွယ်ပုံများကို အကျဉ်းချုနှင့်လက်တွေ့ အခြေခံ ၀ိပဿနာ ရှုမှတ်နည်း....၀ိပဿနာဟူသည် မိမိတို့ ဘ၀တွင် အေးချမ်းစွာ နေထိုင်တတ်အောင် သင်ယူရသော ဘ၀နေနည်း အတတ်ပညာ ........ ဗုဒ္ဓဘာသာဝင် အားလုံးနှင့် အတူတကွ ဆရာတော် - ဒေါက်တာ အရှင်သုနန္ဒာလင်္ကာရ ( M.A, Ph.D )သာမဏေကျော်၊ ဥဘတော ၀ိဘင်္ဂဓရ၊ သာသနာ့ဓဇ ဓမ္မာစရိယ၊ ၀ိနယ၀ိဒူ၊ အဂုင်္တ္တရ နိကာယ၀ိဒူ )ကသင်တန်းပြသပေးမည်ဖြစ်ပါသဖြင့် ဓမ္မမိတ်ဆွေအပေါင်းအား လေးစားစွာ ဖိတ်ကြား အပ်ပါသည်။ သင်.အကြံပြုဆွေးနွေးချက်များကို နွေးထွေးရင်းနှီးစွာ ဖိတ်ခေါ်လျှက်.... တိရတနာကျောင်း အကျိုးတော်ဆောင်အဖွဲ.....
DEF Radio and RainRockinRadio
Online Radio အစီအစဉ်အား ညစဉ် ၇ နာရီ မှ ၁၀ နာရီထိ .... အသံ ပျက်တောက် သွားပါက refresh ပြုလုပ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Recent Posts
Välkommen till Tiratana Theravada Buddhist Tempel.. Stöd Tiratana genom att bli medlem! Vi välkomnar alla och interreligiösa familjer åtagit sig att leva ett budda sätt att bli medlemmar i Temple Tiratana. Du kan bli medlem när som helst genom vår admin och praktiskt bidrag till utvecklingen av Tiratana. Alla medlemmar får en medlem card.For mer information om Temple medlemskap, tjänster och aktiviteter, kontakta templet admin. Phone 076 7077445 Phone: 076 8247198 Email tiratana3@hotmail.com ။။
Sunday, February 21, 2016
သေမယ်ဆိုတာ အစကကြိုသိခဲ့ရင်
   သေခြင်းတရားကို ကိုယ်နဲ့အဝေးကြီးလို့ သဘောထားရင် သတိသံဝေဂ အားနည်းသွားတတ်ပါတယ်။ သတိသံဝေဂ အားနည်းရင် လူသားတိုင်း မလုပ်မဖြစ်လုပ်ရမယ့် အပ္ပမာဒလုပ်ငန်းတွေမှာ ခြေလှမ်းကျဲနေတတ်ပါတယ်။
    အပ္ပမာဒလုပ်ငန်းဆိုတာ အမြဲမမေ့သင့်တဲ့ လုပ်ငန်းလို့ အဓိပ္ပါယ်ရပါတယ်။ တစ်ခါတစ်ရံ သတိရမှ လုပ်ရမယ့် လုပ်ငန်းမဟုတ်ပါဘူး။ အမြဲသတိတရ လုပ်နေရမယ့် လုပ်ငန်းပါ။
    အပ္ပမာဒလုပ်ငန်းက လေးမျိုးရှိပါတယ်။ ဒါနအပ္ပမာဒ၊ သီလအပ္ပမာဒ၊ သမထအပ္ပမာဒနဲ့ ၀ိပဿနာအပ္ပမာဒတို့ဖြစ်ပါတယ်။
    ဒါနအပ္ပမာဒဆိုတာ အမြဲသတိတရမမေ့တမ်း ပြုလုပ်ရမယ့် ပေးကမ်းမှု၊ စွန့်ကြဲမှု၊ လှူဒါန်းမှုလုပ်ငန်းဖြစ်ပါတယ်။
    သီလအပ္ပမာဒဆိုတာ အမြဲသတိတရ မမေ့တမ်း ပြုလုပ်ရမယ့် ကိုယ်နှုတ်စောင့်ထိန်းမှု၊ ကိုယ်ကျင့်တရား ကောင်းမွန်စေမှုလုပ်ငန်း ဖြစ်ပါတယ်။
    သမထအပ္ပမာဒဆိုတာ အမြဲသတိတရ မမေ့တမ်းပြုလုပ်ရမယ့် စိတ်တည်ငြိမ်မှု၊ စိတ်စူးစိုက်မှု လုပ်ငန်းဖြစ်ပါတယ်။
    မှတ်သားရလွယ်ကူအောင်
Monday, February 15, 2016
“အနှိုင်းမဲ့ကုသိုလ်”
လောကမှာ ရှိရှိသမျှကုသိုလ်တရားအားလုံးထဲမှာ အပ္ပမာဒတရားဟာ အနှိုင်းမဲ့ကုသိုလ်တရား ဖြစ်ပါတယ်။
ဘာလို့လဲဆိုတော့ အပ္ပမာတရားထက် ပိုပြီး ကုသိုလ်ရှင်ရဲ့စိတ်ကို ဖြူစင်စေပါတယ်၊ ကုသိုလ်ရှင်ကို ကောင်းကျိုးပြုပါတယ်လို့ နှိုင်းယှဉ်စရာ၊ အစားထိုးစရာ၊
ထပ်တူပြုစရာ တခြားကုသိုလ်တရား မရှိတော့လို့ပဲ။
အပ္ပမာဒတရားနဲ့ လဲလှယ်သင့်၊ လဲလှယ်ထိုက်တဲ့ တခြားကုသိုလ်တရား လောကမှာမရှိတော့တဲ့အတွက်
အပ္ပမာဒတရားဟာ “အနှိုင်းမဲ့ကုသိုလ်တရား”ဖြစ်ရပါတယ်။စိတ်ကို ဖြူစင်စေတတ်တဲ့သဘောကို
ကုသိုလ်လို့ ခေါ်ပါတယ်။ စိတ်ဓာတ်တစ်ခု၊ လုပ်ရပ်တစ်ခုကြောင့်
Thursday, February 11, 2016
"သုဂတိဘုံသို့ ဘဝကူးနည်း ..သေနည်း"
မည်သူ မဆို တစ်နေ့ မုချ သေရမည် ။ နေတတ်ဖို့ လိုသလို သေတတ်ဖို့လည်း အရေးကြီးပေသည် ။
သေ တတ်အောင် ကြိုတင် ပြင်ဆင် ထားဖို့ လိုသည် ။ ကုသိုလ် ကောင်းမှု တွေ ဘယ်လောက် များများ သေခါ နီး စိတ်ထား မတတ်လို့ ဘဝကူး မကောင်းသူတွေ များလှ၏ ။ သေပုံ သေနည်း မတတ်လို့ ပြိတ္တာ ဖြစ်၊ တိရ စ္ဆာန် ဖြစ် ၊ ငရဲ ကျသူတွေ အများ အပြား ရှိ၏ ။
မည်သူ မဆို သတ္တဝါ တို့ မည်သည် ရေနစ်တဲ့ သူဟာ အားကိုး တကြီး တွေ့ ရာဆွဲယူ တတ်သလို သေခါ နီး တဲ့ အခါ စွဲမိ စွဲရာ စွဲတတ်ကြသည် ။ မခွဲနိုင် မခွာ ရက် တပ်မက် စွဲလမ်းနေတတ်ကြ သည် ။ သံယောဇဉ် တွေကို ကြိုတင် ဖြတ်ထားဖို့ လိုသည် ။ ခင်ပွန်း၊ ဇနီး ၊ သမီး ၊ သား ၊ ဆွေမျိုး ညာတကာဆိုသည် မှာ ဒီ ဘဝ တွင် ခဏ လာပြီး ဆုံဆည်း ကြ ခြင်း ဖြစ်သည် ။ ကံ စီမံရာ အတိုင်း သူ့ လမ်းသူ သွားကြမှာ ဖြစ်သည် ။ တိုက်တာ ၊ အိမ်ရာ ၊ စည်းစိမ် ဆောင် အရောင်တွေ ၊ ရာထူး တွေ လည်း သေလျှင် ဘာမျှ ပါသွားမှာ မဟုတ်ဘူး ။ တွယ်တာဖို့ မလိုဘူး ။
Tuesday, February 2, 2016
တရားထိုင်ခြင်းဟာ သင့်ရဲ့နေ့စဉ်ဘ၀ကို ဘယ်လိုအကျိုးပြုနိုင်ပါသလဲ
တရားထိုင်ခြင်းဟာ အကျိုးကျေးဇူးများတယ်ဆိုတာ လူတိုင်းလိုလိုသိကြပေမဲ့ ခက်ခဲနက်နဲတဲ့ကိစ္စလို့ ထင်မြင်ကြပြီး တစိုက်မတ်မတ်လုပ်ကြတဲ့သူရှားပါတယ်။ အထူးသဖြင့် လူငယ်အများစုက တရားထိုင်တာဟာ ဘာသာရေးအလုပ်ဖြစ်ပြီး ငယ်ရွယ်စဉ်မှာ မလိုအပ်သေးဘူးလို့ထင်ကြပါတယ်။ ဒါပေမဲ့ တရားထိုင်ခြင်းကို တပတ်လောက်လုပ်ကြည့်လိုက်ရင်ပဲ ခံစားရတဲ့ကောင်းကျိုးတွေကို သိရှိလာနိုင်ပြီး အကျိုးကျေးဇူးတွေကိုလည်း လက်တွေ့ကြုံလာရမှာဖြစ်ပါတယ်။ ဘ၀မှာ စိတ်တည်ငြိမ်ခြင်း၊ စိတ်အေးချမ်းခြင်းကို ပိုင်ဆိုင်လာတဲ့အခါ ပျော်ရွှင်ချမ်းမြေ့ပြီး လူမှုရေးဆိုင်ရာပြဿနာများ၊ ကျန်းမာရေးဆိုင်ရာပြဿနာများလည်း လျော့ပါးလာမှာ အသေအချာပါပဲ။
တရားထိုင်ခြင်းဟာ ကိုယ်စိတ်နှစ်ပါးလုံးမှာ ငြိမ်းချမ်းမှုအပြည့်တည်ဆောက်ခြင်း ဖြစ်ပါတယ်။ နေ့စဉ်ဘ၀မှာ လူတွေဟာ အမျှင်မပြတ်တွေးတောကြံဆနေကြပြီး
.
.
Related Posts Plugin for WordPress, Blogger...