adv
တိရတနာကျောင်းမှသင်.ကိုနွေးထွေးစွာဖိတ်ခေါ်ပါသည် ။ နောင်တစ်ချိန်တွင် စကြာဝဠာတစ်ခုလုံး ကိုးကွယ်ကြသည် ဘာသာတရားတစ်ခု ဖြစ်ပေါ်လာလိမ့်မည်။ ထိုဘာသာတရားသည် တစ်ယူသန်ဝါဒ၊ တရားသေဝါဒများကိုလည်း ရှောင်လွှဲနိုင်လိမ့်မည်။ သဘာဝတရားနှင့် ဘာသာတရား နှစ်ခုလုံးကို လွှမ်းခြုံမိသည့် ဤဘာသာစကားသည် ရုပ်နာမ်တရားကို ကိုယ်တွေ့ခံစားသိမြင်မှုနှင့် အဓိပ္ပါယ်ပြည့်ဝသည့် ပေါင်းစည်းညီညွတ်မှုအပေါ်မှာ အခြေခံလိမ့်မည်။ အကယ်၍သာ ခေတ်သစ်သိပ္ပံ နည်းကျလိုအပ်ချက်များကို အဖြေထုတ် ဖြည့်ဆည်းပေးနိုင်မည့် ဘာသာတရားတစ်ခု ရှိလာမည်ဆိုလျှင် ထိုဘာသာတရားသည် #ဗုဒ္ဓဘာသာပဲ ဖြစ်လိမ့်မည်။ " ကမ္ဘာကျော်သိပ္ပံဆရာကြီး ဒေါက်တာအဲလဘတ်အိုင်းစတိုင်လ် " ...။။
.
{short description of image}
.
.
.
{short description of image}
တိရတနာ Online Radio
” တိရတနာ မြန်မာဘုန်းတော်ကြီးကျောင်း ဒီဇင်ဘာ ခရစ်စမတ် (ရုံးပိတ်ရက်) အတွင်း အခြေခံ ပဋ္ဌာန်းသင်တန်း.. (၂၄) ပစ္စည်း ပဋ္ဌာန်း အဓိပ္ပါယ်များသည် မိမိတို့  နေ့ စဉ်ဘ၀၌ မည်ကဲ့သို့ အကျိုးပြုနေသည်၊ ဆက်နွယ်နေသည် စသော ကြောင်း+ ကျိုး နိယာမဆက်နွယ်ပုံများကို အကျဉ်းချုနှင့်လက်တွေ့ အခြေခံ ၀ိပဿနာ ရှုမှတ်နည်း....၀ိပဿနာဟူသည် မိမိတို့ ဘ၀တွင် အေးချမ်းစွာ နေထိုင်တတ်အောင် သင်ယူရသော ဘ၀နေနည်း အတတ်ပညာ ........ ဗုဒ္ဓဘာသာဝင် အားလုံးနှင့် အတူတကွ ဆရာတော် - ဒေါက်တာ အရှင်သုနန္ဒာလင်္ကာရ ( M.A, Ph.D )သာမဏေကျော်၊ ဥဘတော ၀ိဘင်္ဂဓရ၊ သာသနာ့ဓဇ ဓမ္မာစရိယ၊ ၀ိနယ၀ိဒူ၊ အဂုင်္တ္တရ နိကာယ၀ိဒူ )ကသင်တန်းပြသပေးမည်ဖြစ်ပါသဖြင့် ဓမ္မမိတ်ဆွေအပေါင်းအား လေးစားစွာ ဖိတ်ကြား အပ်ပါသည်။ သင်.အကြံပြုဆွေးနွေးချက်များကို နွေးထွေးရင်းနှီးစွာ ဖိတ်ခေါ်လျှက်.... တိရတနာကျောင်း အကျိုးတော်ဆောင်အဖွဲ.....
DEF Radio and RainRockinRadio
Online Radio အစီအစဉ်အား ညစဉ် ၇ နာရီ မှ ၁၀ နာရီထိ .... အသံ ပျက်တောက် သွားပါက refresh ပြုလုပ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Recent Posts
Välkommen till Tiratana Theravada Buddhist Tempel.. Stöd Tiratana genom att bli medlem! Vi välkomnar alla och interreligiösa familjer åtagit sig att leva ett budda sätt att bli medlemmar i Temple Tiratana. Du kan bli medlem när som helst genom vår admin och praktiskt bidrag till utvecklingen av Tiratana. Alla medlemmar får en medlem card.For mer information om Temple medlemskap, tjänster och aktiviteter, kontakta templet admin. Phone 076 7077445 Phone: 076 8247198 Email tiratana3@hotmail.com ။။
Saturday, October 15, 2016
မြတ်- မမြတ်
ယော စ ၀ဿ သတံ ဇီဝေ၊ အပဿံ ဥဒယဗ္ဗယံ။
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဥဒယဗ္ဗယံ။
မြတ်- မမြတ်
          အသက်တရာပင် ရှည်၍ နေသော်လည်း မိမိခန္ဓာကိုယ်မှာ ပဋိသန္ဓေမှ စုတိ သေနေ့သို့ တိုင်အောင် မပြတ်မစဲ ထပ်တလဲလဲ ဖြစ်ပျက်နေကြသော ဖြစ်/ပျက်တရားတွေကို ထပ်တလဲလဲ တဲ့တဲ့မမြင်လျှင် ဖြစ်ပျက်နှင့် ဆန့်ကျင်ဘက် မဖြစ်ပျက်သော နိဗ္ဗာန်ကိုလည်း မဂ်ဥာဏ်ဖြင့် မသိမမြင်နိုင်သောကြောင့် မဂ်ကို မရ၍ မမြတ်တော့ပေ။
          တရက်တည်းပင် အသက်ရှည်ရွေ့နေသော်လည်း မိမိခန္ဓာမှာ ရှိနေတဲ့ ရုပ်နာမ်ဖြစ်ပျက်ကို မြင်က ရုပ်နာမ်နှင့် ဆန့်ကျင်ဘက် မဖြစ်မပျက်သော နိဗ္ဗာန်ကိုလည်း သိမြင်နိုင်၍ မဂ်ကိုရသောကြောင့် မြတ်လေတော့သည်။
         တသံသရာလုံးက အမြတ်စာရင်းဝင် မဖြစ်နိုင်ကြတာ ယခုဘ၀ ဥဒယဗ္ဗယဥာဏ်ကိုရ၍ အမြတ်စာရင်းဝင် ဖြစ်နိုင်ကြပေသည်။ 
Friday, October 14, 2016
ကထိန်
{ကထိန်​}
မြတ်​စွာဘုရားစ​သော သူ​တော်​​ကောင်းတို့က ​ကောင်း၏ဟု ဝမ်း​မြှောက်​နု​မော သာဓု​ခေါ်သည့်​အတွက်​​ကြောင့်​ ကထိန်​ဟု​ခေါ်သည်​။
  ကထိန်​၏ ထူးမြတ်​ပုံ
၁။ ​ဒေသ - လူ့ပြည်​၌သာ ပြုနိုင်​​ပေ၏။
၂။ သမယ- သီတင်းကျွတ်​လပြည့်ကျော်​ ၁ ရက်​မှ တန်​​ဆောင်​မုန်းလပြည့်​​နေ့ ၁ လ အချိန်​အခါ၌သာ ခင်းခွင့်​ရ၏။
၃။ ဝတ္ထု- အယုတ်​ဆုံးအားဖြင့်​ မိခင်​ကို​တောင်​ မ​တောင်းအပ်​ ဒကာ ဒကာမ တို့အလို​လျောက်​ သဒ္ဓါ​ပေါက်​၍ လှူဒါန်းအပ်​​သော သင်္ကန်းဖြစ်​ရမည်​။
၎။ အာနိသံသ -ကထိန်​ခံ​သောရဟန်းတို့ အနာမန္တစ​သော အကျိုးငါးပါး ရရှိခြင်း။
၅။ ဖလ- ကထိန်​ခင်းခွင့်​ရ​သော ဒကာ ဒကာမတို့အား သံဃာ​တော်​တို့ရအပ်​​သော အကျိုးနည်းတူ အကျိုးများရရှိခြင်း။
           {ကထိန်​အာနိသင်​}
ရဟန်းတို့ရအပ်​​သော အကျိုးများမှာ
၁။အာမန္တာစာရ -​ကျောင်းတိုက်​အတွင်းရှိ အတူ​နေရဟန်းများကို မပန်​ကြားပဲပြင်​ပသို့ကြွ​သော်​လည်း
အာပတ်​ မသင့်​ခြင်း။
၂။ အသမာဒါနစာရ-အဓိဋ္ဌာန်​တင်​အပ်​​သော တိစီဝရိတ်​သင်္ကန်းနှင့်​ ညဥ့်​ကင်း၍ ​နေ​သော်​လည်း အာပတ်​ မသင့်​ခြင်း။
၃။ ဂဏ​ဘောဇန-ထမင်းစားကြွပါစသည်​ဖြင့်​ မအပ်​​သော နည်းဖြင့်​ပင့်​ဖိတ်​၍ ၄ပါးထက်​ အလွန်​ကြွ​ရောက်​သုံး​ဆောင်​​သော်​လည်း အာပတ်​ မသင့်​ခြင်း။
၎။ ယာဝဒတ္တစီဝရ - (သီတင်းကျွတ်​လပြည့်​​ကျော်​ ၁ရက်​မှ တ​ပေါင်းလပြည့်​​နေ့တိုင်​​အောင်​) ကထိန်​အာနိသင်​၅ လအတွင်းသင်္ကန်းအမျိုးမျိုးကို အဓိဋ္ဌာန်​မတင်​၊ ဝိကပ္ပနာ မပြုထား​သော်​လည်း အာပတ်​ မသင့်​ခြင်း။
၅။ ​ယာဝတတ္ထ စီဝရုပ္ပါဒ - ကထိန်​ခင်းရာ ​ကျောင်းတိုက်​အတွင်း အသစ်​အသစ်​​သော သင်္ကန်းများကို အစိုးတရပိုင်​ဆိုင်​ခြင်း၊ ကထိန်​အာနိသင်​မရ​သော ရဟန်းနှင့်​ အာဂန္တုက ဧည့်​သည်​ရဟန်းတို့အား ခွဲ​ဝေမ​ပေး​သော်​လည်း အာပတ်​မသင့်​ခြင်း တို့ဖြစ်​သည်​။
{ကထိန်​ဒကာ ဒကာမတို့ ရအပ်​​သောအကျိုး}
၁၊ အဆင်းလှခြင်း
၂၊ ချမ်းသာခြင်း
၃၊ ​ဘေးရန်​ကင်းစွာ သွားလာနိုင်​ခြင်း
၎၊ အသက်​ရှည်​ခြင်း
၅၊ တတိုင်းရခြင်း
၆၊ ခွန်​အားကြီးခြင်း
၇၊ ဉာဏ်​ပညာကြီးခြင်း
၈၊ နိဗ္ဗာန်​သို့မျက်​​မှောက်​ပြုနိုင်​ခြင်း။
၈=ပါးတို့ဖြစ်​​လေ၏။  ။
{ကထိန်​ခင်း​ကောင်း​သောသင်္ကန်း}
၁။ ဒုကုဋ်​ ​ခေါ် နှစ်​ထပ်​သင်္ကန်း
၂။ ဧကသီ​ခေါ် ကိုယ်​ရုံ
၃။ သင်းပိုင်​ ​ခေါ် ခါးဝတ်​ တို့ဖြစ်​သည်​။
                  ​နေမျိုးသာကီ
Saturday, September 17, 2016
                                                  တိ၇တနာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း
                                                       ကထိန် အလှူမင်္ဂလာ ဖိတ်ကြားလွှာ
သာသနာနှစ် ၂၅၅၉ ခုနှစ် .ုမြန်မာသက္က၇ာဇ် ၁၃၇၈ ခုနှစ် သီတင်းကျွတ် လဆုတ် ၁၄ ၇က် ခ၇စ်နှစ် ၂၀၁၆ . ၁၀ . ၃၀ ၇က် တနင်္ဂနွေနေ. တွင် ဆွီဒင်နိုင်ငံ တိ၇တနာ ထေ၇၀ါဒ ဗုဒ္စဘာသာဘုန်းတော်ကြီးကျောင်းတွင် ကျောင်းတိုက်အတွင်းသို. ကြွေ၇ာက်တော်မူလာကြမည့် သံဃာတော်အ၇ှင်မြတ်တို.အား ကထိန်သင်္ဃန်းနှင့်တကွ ဆွမ်းခဲဘွယ် ဒါန၀ထ္ထုအစုစုတို.ကို လှူဒါန်းပြီး ဆ၇ာတော်များ ဟောကြားတော်မူမည့် ပ၇ိတ် တ၇ားတော်နှင့် ကထိန် အနုမောဒနာ တ၇ားတော်များအား နာယူကြမည် ဖြစ်ပါသောကြောင့် သူတော်စင်များအားလုံး အတူတကွ ပါဝင်ကုသိုလ် ယူနိုင်ကြပါ၇န် လေးစားစွာ ဖိတ်ကြားအပ်ပါသည် ။
ကထိန် ပင့်သံဃာတော် ..... ၅ ပါး ။
၂၀၁၆ . ၁၀ . ၂၉ ( စနေ နေ. ) ည ၇ နာ၇ီ ... ဆ၇ာတော် တ၇ားပွဲ ။
ည ၈ နာ၇ီ ... မီး ပူဇော်ပွဲ ။
၂၀၁၆ . ၁၀ . ၃၀ ( တနင်္ဂနွေ ) နံနက် ၇ နာ၇ီ ... အာ၇ုံ ဆွမ်း ။
နံနက် ၁၁ နာ၇ီ ...နေ.ဆွမ်း ။
နေ.ခင်း ၁၃ နာ၇ီ ... ကထိန်သင်္ကန်း ကပ်လှူခြင်း နှင့်ေ၇စက်ချ တ၇ားနာခြင်း ။
ဝေယျာဝိစ္စ အဖွဲ. ။
တိ၇တနာ ဘုန်းတော်ကြီးကျောင်း ။
Sunday, July 31, 2016
သေခြင်းကောင်းသော ဘ၀ လားရာကောင်းသော ဂတိ
နိဒါန်း
“သူသေဆိုသည်မှာ ဆွေမျိုးမိဘများနှင့် နောင်ဘယ်သောအခါမှ ပြန်မတွေ့ရတော့သောသူ ဖြစ်ပါသည်”ဟု ဘုရားလောင်း သိဒ္ဓတ္ထမင်းသား နိမိတ်ကြီးလေးပါးမြင်ရာတွင်၊ ရထားထိန်းမောင်ဆန်၏ လျှောက်ထားချက်ဖြစ်ပါသည်။ လူတိုင်းသည် မိဘဆွေမျိုးများနှင့် အတူတကွ၊ ထာဝရနေလိုကြပါသည်။ လူတိုင်းမသေလိုကြပါ။ သေရမည်ကို ကြောက်ကြ၏။ သို့သော် လောက၌ မသေသူမရှိ၊ မသေရန် အမျိုးမျိုးကြံဆနေကြသော်လည်း မသေရန် မစွမ်းဆောင်နိုင်ကြပါ။ ပုခက်ပေါ်ရောက်သူတိုင်း ခေါင်းထဲရောက်ကြရမည် ဆိုသည့်အတိုင်း မွေးဖွားလာသော သတ္တ၀ါမှန်သမျှ သေခြင်းတရားကို ရှောင်လွှဲမရ၊ မုချမသွေ သေဆုံးကြရပေမည်။
    ဘ၀ဆိုသည်မှာ နေခွင့်ရသလောက် နေရခြင်းသာဖြစ်၏။ နေချင်သလောက်နေ၍ မရပါ။ အကန့်အသတ်ရှိပါသည်။ မည်သည့်အချိန်အခါတွင် သေဆုံးကြရမည်ကိုလည်း မသိနိုင်ကြပါ။ သေခါနီးကြောက်စိတ်ကြောင့် အလွဲလွဲအမှားမှား ဖြစ်တတ်ကြပါသည်။ အကျိုးဆက်အားဖြင့်လည်း နောက်ဘ၀လားရာဂတိများ၊ မကောင်းနိုင်ကြပါ။ ဘ၀ဟောင်းကို ဘ၀ကောင်းနှင့်လဲနိုင်ရန် မှန်မှန်ကန်ကန် တည်တည်ငြိမ်ငြိမ်ဖြင့် သေဆုံးနိုင်ပြီး ကောင်းသော ဘ၀သစ်ကို ရရှိရန်ပြင်ဆင်ထားကြရပါမည်။ ဤစာအုပ်ကို
သေခြင်းကောင်းသော ဘ၀ လားရာကောင်းသော ဂတိ
နိဒါန်း
“သူသေဆိုသည်မှာ ဆွေမျိုးမိဘများနှင့် နောင်ဘယ်သောအခါမှ ပြန်မတွေ့ရတော့သောသူ ဖြစ်ပါသည်”ဟု ဘုရားလောင်း သိဒ္ဓတ္ထမင်းသား နိမိတ်ကြီးလေးပါးမြင်ရာတွင်၊ ရထားထိန်းမောင်ဆန်၏ လျှောက်ထားချက်ဖြစ်ပါသည်။ လူတိုင်းသည် မိဘဆွေမျိုးများနှင့် အတူတကွ၊ ထာဝရနေလိုကြပါသည်။ လူတိုင်းမသေလိုကြပါ။ သေရမည်ကို ကြောက်ကြ၏။ သို့သော် လောက၌ မသေသူမရှိ၊ မသေရန် အမျိုးမျိုးကြံဆနေကြသော်လည်း မသေရန် မစွမ်းဆောင်နိုင်ကြပါ။ ပုခက်ပေါ်ရောက်သူတိုင်း ခေါင်းထဲရောက်ကြရမည် ဆိုသည့်အတိုင်း မွေးဖွားလာသော သတ္တ၀ါမှန်သမျှ သေခြင်းတရားကို ရှောင်လွှဲမရ၊ မုချမသွေ သေဆုံးကြရပေမည်။
    ဘ၀ဆိုသည်မှာ နေခွင့်ရသလောက် နေရခြင်းသာဖြစ်၏။ နေချင်သလောက်နေ၍ မရပါ။ အကန့်အသတ်ရှိပါသည်။ မည်သည့်အချိန်အခါတွင် သေဆုံးကြရမည်ကိုလည်း မသိနိုင်ကြပါ။ သေခါနီးကြောက်စိတ်ကြောင့် အလွဲလွဲအမှားမှား ဖြစ်တတ်ကြပါသည်။ အကျိုးဆက်အားဖြင့်လည်း နောက်ဘ၀လားရာဂတိများ၊ မကောင်းနိုင်ကြပါ။ ဘ၀ဟောင်းကို ဘ၀ကောင်းနှင့်လဲနိုင်ရန် မှန်မှန်ကန်ကန် တည်တည်ငြိမ်ငြိမ်ဖြင့် သေဆုံးနိုင်ပြီး ကောင်းသော ဘ၀သစ်ကို ရရှိရန်ပြင်ဆင်ထားကြရပါမည်။ ဤစာအုပ်ကို
Saturday, July 30, 2016
တစ်ရာနှင့် တစ်ရက်
(၁)
    “သီလမရှိသူရဲ့ အနှစ်တစ်ရာ အသက်ရှင်ရခြင်းထက် သီလရှိသူရဲ့ တစ်ရက်သာအသက်ရှင်ရခြင်းက အဆပေါင်းများစွာ ပိုပြီး မြင့်မြတ်ပါတယ်” (ဗုဒ္ဓ)
    ကာယကံ အမှားအယွင်းများ ရှောင်ကြဉ်မှု၊ ၀စီကံ အလွဲအချော်များ စောင့်ထိန်းမှုကို သီလလို့ ခေါ်ပါတယ်။ မပြုသင့်တဲ့ ကိုယ်မှုလုပ်ရပ်တွေ မပြု၊ မပြောသင့်တဲ့ နှုတ်ထွက်စကားတွေ မပြောဘဲ ကိုယ်နဲ့ နှုတ်ကို စောင့်စည်း ထိန်းသိမ်းနိုင်တဲ့သူဟာ သီလရှိတဲ့သူပါ။
    ကိုယ်အမှား၊ နှုတ်အမှား ပြုထားတဲ့သူ(သီလမရှိတဲ့သူ)ရဲ့ စိတ်အစဉ်ဟာ နောင်တတရားတွေနဲ့ ပူလောင်ကျွမ်းမြိုက်နေပါတယ်။ စိတ်ပူလောင်နေသူတစ်ယောက်ရဲ့ ကြံစည်တွေးခေါ်မှု၊ ဆုံးဖြတ်လုပ်ကိုင်မှုတွေဟာ အမှားတွေချည်း ဖြစ်နေမှာပါ။ ဒါမှမဟုတ် အမှားတွေ ရောနှောနေမှာပါ။
    ဒါနဆိုတာ မှန်ကန်တဲ့ လုပ်ရပ်တစ်ခုပါ။ ဒါပေမဲ့ သီလမရှိသူရဲ့ ဒါနဟာ ကြွက်ချေးရောနေတဲ့ ဆွမ်းဆန်လိုဖြစ်နေလို့ အကျိုးပေးမစင်ကြယ်နိုင်ပါဘူး။ သီလရှိသူရဲ့ ဒါနကတော့ အမွှေးသေတ္တာထဲက လှောင်ထားတဲ့ သလေးဆန်နဲ့အလားတူလို့ အကျိုးပေးလည်း စင်ကြယ်၊ အကျိုးရလည်း ကြီးကျယ်ခမ်းနားပါတယ်။
    သီလမရှိတော့ စိတ်မအေးချမ်း၊ စိတ်မအေးချမ်းတော့ စိတ်မတည်ငြိမ်၊ စိတ်မတည်ငြိမ်တော့ အသိဥာဏ်မထွက်၊ သီလပျက်ရင် သမာဓိရော၊ ပညာရော ဖြစ်ခွင့်မရှိတော့ပါဘူး။ သီလရှိရင်တော့ စိတ်အေးချမ်းတဲ့အတွက် သမာဓိရော၊ ပညာရော ပြည့်ပြည့်၀၀ အားကောင်းနိုင်ပါတယ်။
    ဒါကြောင့်လည်း မြတ်စွာဘုရားရှင်က “သတိပဋ္ဌာန်တရား ပွားများတဲ့သူဟာ သီလတည်းဟူသော မြေကြီးပေါ်မှာ ရပ်တည်ပြီး ပွားများရမယ်” လို့ မိန့်ကြားတော်မူခဲ့ပါတယ်။  သီလစောင့်ထိန်းရင်း ပွားများနေတဲ့ သတိပဋ္ဌာန် ၀ိပဿနာကသာ မဂ်လမ်း၊ ဖိုလ်လမ်း ဖြောင့်ပြီး နိဗ္ဗာန်ကို ဆိုက်ရောက်စေနိုင်မှာပါ။
    မေတ္တယျမြတ်စွာဘုရားကို ဖူးမြော်ချင်လို့ ၀ိပဿနာ အားမထုတ်သေးဘဲ နေတဲ့ မဟာသံဃရက္ခိတမထေရ် သေရာညောင်စောင်း လျောင်းနေတဲ့အချိန် အလုပ်အကျွေးရဟန်းငယ်က “အရှင်ဘုရား ပရိနိဗ္ဗာန်ပြုတော်မူတော့မယ်ဆိုတဲ့ သတင်းကြောင့် ၁၂-ယူဇနာ ပတ်ဝန်းကျင်က လူထောင်သောင်းများစွာ ကြိတ်ကြိတ်တိုး စုရုံးရောက်ရှိနေပါတယ်။ တကယ်လို့ ပုထုဇဉ်ဘ၀နဲ့ အရှင်ဘုရားစုတေမှန်းသိသွားရင် သူတို့ စိတ်နှလုံး မသာမယာ ဖြစ်သွားကြပါလိမ့်မယ်ဘုရား” လို့ လျှောက်ထားတဲ့အတွက် လဲလျောင်းနေရာမှ ထူမတ်ခိုင်းပြီး ရဟန်းငယ်ကို အခန်းအပြင်ဘက် ခေတ္တထွက်နေစေပါတယ်။
    ရဟန်းငယ် အခန်းအပြင်ဘက်ရောက်တယ်ဆိုရင်ဘဲ မထေရ်မြတ်က လက်ဖျောက်တီးပြီး အခန်းထဲ ပြန်ဝင်ခဲ့ဘို့ အမှတ်သင်္ကေတ ပေးလိုက်ပါတယ်။ ရဟန်းကိစ္စပြီးသွားပြီ၊ ရဟန္တာဖြစ်သွားပြီဆိုတဲ့ သဘောပေါ့။
    “အရှင်ဘုရား၊ အခုလို သေကောင်ပေါင်းလဲ ဖြစ်နေတဲ့အချိန်မှာ ရဟန္တာဖြစ်အောင် မြန်မြန်ကြီးကျင့်နိုင်တာ ထူးဆန်းလှပါတယ်ဘုရား”
    “တကယ်တော့ ဒါဟာ မထူးဆန်းပါဘူး ငါ့ရှင်၊ ထူးဆန်းတာက ....... တပည့်တော်ဟာ ရဟန်းဖြစ်တဲ့အချိန်ကစပြီး ဘယ်အမှုမျိုးကိုမှ သတိဥာဏ်မပါဘဲ မှားမှားယွင်းယွင်း ချွတ်ချွတ်ချော်ချော် မပြုခဲ့ဖူးတာပါပဲ။ ရဟန်းဖြစ်ကတည်းက တပည့်တော်ရဲ့ သီလဟာ ထက်ဝန်းကျင်ဖြူစင်သန့်ရှင်းခဲ့ပါတယ် ငါ့ရှင်”
    ကိုယ့်ရဲ့ အကြွင်းမဲ့ဖြူစင်တဲ့ သီလကို ဆင်ခြင်ရင်း ဖြစ်ပေါ်လာတဲ့ ပီတိပါမောဇ္ဇ - နှစ်သက်ဝမ်းမြောက်မှုကို အခြေခံပြီး ၀ိပဿနာရှုပွားလိုက်တာ စက္ကန့်ပိုင်းအတွင်းမှာပဲ အာသဝေါကုန်ခမ်း ရဟန္တာဖြစ်ခဲ့ပါတယ်။
    သီလနဲ့ တစ်ရက် အသက်ရှင်ရရင်တောင် မြတ်တယ်ဆိုမှတော့ အနှစ်တစ်ရာပတ်လုံး သီလနဲ့ အသက်ရှင်ရရင် ဘယ်လောက်များ ကြီးကျယ်မြင့်မြတ်လိုက်မလဲ .......။
(၂)
    “သမာဓိမရှိသူရဲ့ အနှစ်တစ်ရာ အသက်ရှင်ရခြင်းထက် သမာဓိရှိသူရဲ့ တစ်ရက်တာအသက်ရှင်ရခြင်းက အဆပေါင်းများစွာ ပိုပြီး မြင်မြတ်ပါတယ်” (ဗုဒ္ဓ)
Friday, July 22, 2016
Nyheter from NA
Hallsberg
Publicerad 19 jul 2016 04:55 Uppdaterad 21 jul 2016 16:40
Lärare. Munken U Sobhana står för undervisningen under veckan.
Lärare. Munken U Sobhana står för undervisningen under veckan.
Ceremoni för munkar i buddhisttemplet Fyra män levde traditionellt som munkar
Under den gångna veckan har det varit stort firande på buddisttemplet Tiratana i Hjortkvarn, en traditionell buddhistisk högtid där några medlemmar lever som munkar under fyra dagars tid.
Rätta text- och faktafel
Relaterat
Gående meditation. En del av meditationen sker i rörelse, där både munkar och lekmän deltar.
Gående meditation. En del av meditationen sker i rörelse, där både munkar och lekmän deltar.
Ses varje år. Cherry, Ningklea, Sein och Dayn ses på somrarna i Hjortkvarn. De deltar i undervisningen men hinner också med en hel del lek.
Ses varje år. Cherry, Ningklea, Sein och Dayn ses på somrarna i Hjortkvarn. De deltar i undervisningen men hinner också med en hel del lek.
Lektioner. Både lekmän och munkar deltar i templets undervisning.
Lektioner. Både lekmän och munkar deltar i templets undervisning.
Tuesday, July 19, 2016
“မီး(၁၁)ဖြာလောင်မှု မဂ္ဂင်ရေနှင့် ဆေးကြောပြုပါ”
 အမာတွင် စိန်ကျောက်၊
အမောက်တွင် မြင့်မိုရ်၊
အပျိုတွင် ကုမ္မရီ၊
အဆီတွင် ခြင်္သေ့၊
အကွေ့တွင် ဝင်္ဂဘာ၊
အသာတွင် လဝန်း၊
အထွန်းတွင် နေသူရိန်၊
အလိန်တွင် နဂါးပတ်၊
အမြတ်တွင် ဘုရား၊
အမှားတွင် ဒိဋ္ဌိ၊
အငြိတွင် သံယောဇဉ်၊
အပူတွင် ကိလေမီး။
  ဟူသောဆိုရိုးစကားရှိရာတွင် အပူတစ်ကာ့အပူထဲတွင် သတ္တဝါတို့အတွက် ကိလေသာအပူမီးသည်
ကမ္ဘာမီးလောင်တာထက်ပင် ပြင်းထန်ပါသည်။ သတ္တဝါများကို ကိလေသာမီးက အမြဲလောင်နေပါသည်။
ထိုမီးများသည် မျက်စိမြင်ရာမှာလည်းကောင်း၊ နား ကြားရာမှာ လည်းကောင်း၊
နှာခေါင်း နံနေရာမှာလည်းကောင်း၊ လျှာအရသာခံစားရမှာလည်းကောင်း၊ ခန္ဓာကိုယ်အတွေ့မှာလည်းကောင်း၊ စိတ်ကူးအကြံအစည်မှာလည်းကောင်း လောင်နေပါသည်။
မျက်စိက ရူပါရုံအဆင်းကိုမြင်သော် လောဘကိလေသာမီးတွေ လောင်ပါသည်။
ကိုယ်မနှစ်သက်သောအာရုံများကိုတွေ့သော် မျက်စိကနေ ဒေါသမီးတွေလောင်ပါသည်။
ရုပ်နာမ်အသိတရားမသိလျှင် မောဟမီး လောင်ပါသည်။ထိုမီးများကို ရေဖြင့် ငြိမ်း၍မရပါ။
မဂ္ဂင်ရေဖြင့်ငြိမ်းမှသာ ရနိုင်ပါသည်။မဂ္ဂင်ရေနှင့် မည်သို့ငြိမ်းမည်နည်း။
-မျက်စိကမြင်သောအခါ မြင်သည်ဟု ရှုမှတ်ရမည်။
-နားကကြားသောအခါ ကြားသည်ဟု ရှုမှတ်ရမည်။
-နှာခေါင်းကနံသောအခါ နံသည်ဟု ရှုမှတ်ရမည်။
-လျှာကစားသောအခါ စားသည်ဟု ရှုမှတ်ရမည်။
-ကိုယ်ကတွေ့ထိသောအခါ တွေ့ထိသည်ဟု ရှုမှတ်ရမည်။
-စိတ်ကကြံစည်သောအခါ ကြံစည်သည်ဟု ရှုမှတ်ရမည်။
ဤသို့ရှုမှတ်ခြင်းသည် ခန္ဓာကိုယ်မှာ လောင်နေသောမီးကို မဂ္ဂင်ရေနှင့် ငြိမ်းစေခြင်း မည်ပါသည်။
ဤသို့ရှုမှတ်မှုသည်ပင် မဂ္ဂင်ငါးပါးကိုအလိုလို
Sunday, May 15, 2016
လှူဒါန်းနိုင်ကြ၍ လှူတတ်ကြပါစေ
လှူတတ်ကြပါစေ
    ဒကာ၊ ဒကာမတို့ အလှူပေးတဲ့ဥစ္စာဟာ အလှူခံပုဂ္ဂိုလ်လက်ထဲ ကိုယ့်ပစ္စည်းရောက်သွားတာပဲဆိုရင် လွဲတယ်။ ဘုရားရှင် ဇေတ၀န်ကျောင်း၌ သီတင်းသုံးနေစဉ်မှာ နတ်တွေစုရုံးရောက်လာပြီး အလှူပေးတယ်ဆိုတာ တခြားလားအောက်မေ့တယ်ဘုရား၊ တကယ်တော့ တပည့်တော်တို့ရလိုက်တာပဲလို့၊ သူတို့ရဲ့ ကိုယ်တွေ့ကိုလျှောက်ထားကြတယ်။ ဒီတော့ အလှူပေးတဲ့ဥစ္စာ သူများရသွားတယ်ဆိုတာ လွဲတယ်။ ကိုယ်ရလိုက်တာပဲလို့ မှတ်ရမယ်။ ဥပမာနဲ့ ရှင်းပြရဦးမယ်။ အိမ်တစ်အိမ်မီးလောင်နေတာကို ရပ်ကြည့်နေလို့ရှိရင် အိမ်ပေါ်ကပစ္စည်းတွေဟာ အိမ်နဲ့အတူလောင်ပြီး ပြောင်သွားမှာပဲ။ ရသလောက်မီးထဲကဆွဲထုတ်ပြီး မီးလွတ်တဲ့နေရာကို သယ်သွားမယ်ဆိုရင် ဒါရလိုက်တာပဲ။ မီးလောင်တာရပ်ကြည့်နေရင်တော့ မရတော့ဘူး။ သယ်ယူနိုင်သလောက် သယ်ယူလို့ရှိရင် ထိုက်သလောက်ရလိုက်မှာပဲ။
    ဒီမှာလဲ ထို့အတူပဲ မှတ်ရမယ်။ ခန္ဓာကြီးဟာ “ဇာတိမီး၊ ဇရာမီး၊ မရဏမီး(အို၊ နာ၊ သေ)”တွေက
၂၀၁၆ နွေရာသီ ပွဲတော်များ
Friday, May 13, 2016
ဥပေက္ခာစိတ်ထားနိုင်မှ ပတ်ဝန်းကျင်နဲ့အဆင်ပြေမယ်
မြင့်မြတ်သူတို့စံအိမ်ရဲ့ နောက် အရည်အသွေးတစ်ခုကတော့ “ပတ်ဝန်းကျင်နဲ့ အဆင်ပြေခြင်း”ဆိုတဲ့ အရည်အသွေးပါပဲ။ မြင့်မြတ်သူတို့ရဲ့စံအိမ်ဆိုတာ ပတ်ဝန်းကျင်နဲ့အဆင်ပြေရမယ်။
အိမ်ကြီးအိမ်ကောင်းနဲ့မို့ အပေါ်ယံကြည့်လိုက်လို့ရှိရင်တော့ ခမ်းနားကြီးကျယ်ပါရဲ့၊ ဒါပေမယ့် ဟိုဘက်အိမ်နဲ့လည်း ရန်ဖြစ်၊ ဒီဘက်အိမ်နဲ့လည်း ရန်ဖြစ်၊ ဟိုဘက်အိမ်နဲ့လည်းမတည့်၊ ဒီဘက်အိမ်နဲ့လည်းမတည့်၊ ဘာမဟုတ်တာနဲ့လည်း ပြဿနာလုပ်၊ ရန်ရှာ။
အဲဒီလို ပတ်ဝန်းကျင်နဲ့ အဆင်မပြေဖြစ်နေတဲ့ အိမ်ဆိုရင်လည်း ဘယ်လောက်ပဲ ချမ်းသာချမ်းသာ၊ ဘယ်လောက်ပဲ ရာထူးအဆင့်မြင့်မြင့် အဲဒီအိမ်ကို မြင့်မြတ်သူတို့ စံအိမ်လို့ မခေါ်နိုင်တော့ပါဘူး။ အဲဒီအိမ်မှာ နေတဲ့လူတွေကို အဆင့်အတန်းရှိတဲ့လူတွေလို့ မခေါ်နိုင်တော့ပါဘူး။ ပတ်ဝန်းကျင်နဲ့ အဆင်ပြေအောင်နေနိုင်မှ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေလို့ ခေါ်နိုင်ပါတယ်။ ပတ်ဝန်းကျင်နဲ့ အဆင်ပြေတဲ့ အိမ်ကိုမှ မြင့်မြတ်တဲ့ စံအိမ်လို့ ခေါ်နိုင်ပါတယ်။
အဲဒီလိုပါပဲ၊ စိတ်တည်းဟူသော အိမ်ဟာလည်း ပတ်ဝန်းကျင်နဲ့ အဆင်ပြေရပါမယ်။ စိတ်နဲ့အဆင်ပြေရမယ့် ပတ်ဝန်းကျင်ကတော့ အဆင်းမျိုးစုံ ရူပါရုံ၊ အသံမျိုးစုံ သဒ္ဒါရုံ၊ အနံ့မျိုးစုံ ဂန္ဓာရုံ၊ အရသာမျိုးစုံ ရသာရုံ၊ အတွေ့အထိမျိုးစုံ ဖောဋ္ဌဗ္ဗာရုံ၊ အတွေးအကြံ သဘောတရားမျိုးစုံ ဓမ္မာရုံဆိုတဲ့ အာရုံခြောက်ပါးပါပဲ။
Tuesday, May 10, 2016
ဗုဒ္ဓလမ်းညွှန် အကျင့်မှန်
    သာသနာမှာ အထင်ရှားဆုံးသြ၀ါဒ
    ဘုရားအဆုံးအမ သြ၀ါဒတွေက အများကြီးတော့ အများကြီးပဲ၊ အဲဒီထဲက သာသနာမှာ အထင်ရှားဆုံးဖြစ်တာက သြ၀ါဒပါတိမောက် သုံးဂါထာဖြစ်တယ်၊ ဘုရားအဆူဆူ ဟောကြားခဲ့တဲ့ဂါထာပေါ့။
    အဲဒီသုံးဂါထာကို မိမိတို့နှုတ်ထဲ ထည့်လိုက်တော့လည်း၊ ဂင်္ဂါဝါဠုသဲစုမက အဆူဆူပွင့်တော်မူကြတဲ့ ဘုရားရှင်အားလုံးရဲ့ နှုတ်တော်ထွက်စကားလုံးကို မိမိနှုတ်ထဲထည့်လိုက်ရတာမို့, ကိုယ်ရဲ့အသိစိတ်ထဲထည့်လိုက်ရတာမို့, ကိုယ့်ရဲ့နှလုံးသားထဲထည့်လိုက်ရတာမို့, ဘုရားအဆူဆူတွေရဲ့ စွမ်းအား ကိုယ့်သန္တာန်မှာ ထည့်သွင်းပြီးတော့ ပွားထုံရာ စွမ်းအားကိုယူရာရောက်သွားတယ်။
    အဆင့်မြင့်လူ
    လောကမှာ လူ-၃ မျိုးရှိတယ်၊ အဆင့်မြင့်လူ, အလယ်အလတ်လူ, အဆင့်နိမ့်လူလို့ လူ ၃-မျိုးမှာ ပရိတ်သတ်အပေါင်း သူတော်ကောင်းတွေက အဆင့်မြင့်လူထဲမှာ ပါဝင်ကြတယ်။
    အဆင့်မြင့်လူဆိုတာ အဆင့်မြင့်ဆုံးဖြစ်တဲ့ ရတနာနဲ့ တွေ့နေရတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ အဆင့်အလွန်မြင့်တဲ့ ပုဂ္ဂိုလ်တွေဟာ အဆင့်အမြင့်ဆုံးရတနာနဲ့ တွေ့ကြရမှာပါ။
    ရတနာဆိုတာ ရတနာနဲ့ ထိုက်တန်သူတွေ အတွက်သာ တန်ဖိုးရှိတာ၊ ရတနာနဲ့ မထိုက်တန်တဲ့ပုဂ္ဂိလ်များဟာ ရတနာနဲ့တွေ့ပေမယ့် စွမ်းအားရမှာ မဟုတ်ဘူး၊ သုံးဆောင်ခွင့်ရရှိမှာလည်း မဟုတ်ဘူး။
    မိမိတို့တွေ အစမထင်
Sunday, March 13, 2016
အာကာသသိမ်သမုတ်ပွဲ သက်ကြီး ပူဇော်ပွဲ နှင့် သင်္ကြန်ပွဲတော်တို.ကို တိရတနာ online radio မှတိုက်ရိုက် (live) အထူးထုတ်လွှင့်ပေးမည်
အလှူရှင် ဒါယကာ၊ ဒါယိကာမများအပေါင်းတို့ ခင်ဗျာ။
တိရတနာဘုန်းတော်ကြီးကျောင်း၏အာကာသသိမ်သမုတ်ပွဲ
နှစ်စဉ်ကျင်းပမြဲဖြစ်သော သက်ကြီး ပူဇော်ပွဲ နှင့်  သင်္ကြန်ပွဲတော်တို.ကို ၂၇-၀၃-၂၀၁၆ နေ.တွင်
တိရတနာ online radio မှတိုက်ရိုက် (live) အထူးထုတ်လွှင့်ပေးမည်ဖြစ်ကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်အပ်ပါသည်။
အောက်ပါလင့်မှနာ:ဆင်ကြပါ
http://tiratana3.blogspot.se/
iphone နှင့် android phone အောက်ပါလင့်မှနာ:ဆင်ကြပါ
km99.caster.fm
Admin
အာကာသသိမ်သမုတ်ပွဲတော် သင်္ကြန်ပွဲတော် ဖိတ်ကြားခြင်း
အလှူရှင် ဒါယကာ၊ ဒါယိကာမများအပေါင်းတို့ ခင်ဗျာ။
တိရတနာဘုန်းတော်ကြီးကျောင်း၏အာကာသသိမ်သမုတ်ပွဲ
နှစ်စဉ်ကျင်းပမြဲဖြစ်သော သက်ကြီး ပူဇော်ပွဲ နှင့်  သင်္ကြန်ပွဲတော်တိုကို ၂၇-၀၃-၂၀၁၆  တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။။ပါဝင်ဆင်နွှဲရန်ဖိတ်ကြားအပ်ပါသည်။
 အစီအစဉ်သေးစိတ်ကိုထပ်မံကြေညာပေးသွားမည်ဖြစ်ပါသည်။
Sunday, February 21, 2016
သေမယ်ဆိုတာ အစကကြိုသိခဲ့ရင်
   သေခြင်းတရားကို ကိုယ်နဲ့အဝေးကြီးလို့ သဘောထားရင် သတိသံဝေဂ အားနည်းသွားတတ်ပါတယ်။ သတိသံဝေဂ အားနည်းရင် လူသားတိုင်း မလုပ်မဖြစ်လုပ်ရမယ့် အပ္ပမာဒလုပ်ငန်းတွေမှာ ခြေလှမ်းကျဲနေတတ်ပါတယ်။
    အပ္ပမာဒလုပ်ငန်းဆိုတာ အမြဲမမေ့သင့်တဲ့ လုပ်ငန်းလို့ အဓိပ္ပါယ်ရပါတယ်။ တစ်ခါတစ်ရံ သတိရမှ လုပ်ရမယ့် လုပ်ငန်းမဟုတ်ပါဘူး။ အမြဲသတိတရ လုပ်နေရမယ့် လုပ်ငန်းပါ။
    အပ္ပမာဒလုပ်ငန်းက လေးမျိုးရှိပါတယ်။ ဒါနအပ္ပမာဒ၊ သီလအပ္ပမာဒ၊ သမထအပ္ပမာဒနဲ့ ၀ိပဿနာအပ္ပမာဒတို့ဖြစ်ပါတယ်။
    ဒါနအပ္ပမာဒဆိုတာ အမြဲသတိတရမမေ့တမ်း ပြုလုပ်ရမယ့် ပေးကမ်းမှု၊ စွန့်ကြဲမှု၊ လှူဒါန်းမှုလုပ်ငန်းဖြစ်ပါတယ်။
    သီလအပ္ပမာဒဆိုတာ အမြဲသတိတရ မမေ့တမ်း ပြုလုပ်ရမယ့် ကိုယ်နှုတ်စောင့်ထိန်းမှု၊ ကိုယ်ကျင့်တရား ကောင်းမွန်စေမှုလုပ်ငန်း ဖြစ်ပါတယ်။
    သမထအပ္ပမာဒဆိုတာ အမြဲသတိတရ မမေ့တမ်းပြုလုပ်ရမယ့် စိတ်တည်ငြိမ်မှု၊ စိတ်စူးစိုက်မှု လုပ်ငန်းဖြစ်ပါတယ်။
    မှတ်သားရလွယ်ကူအောင်
Monday, February 15, 2016
“အနှိုင်းမဲ့ကုသိုလ်”
လောကမှာ ရှိရှိသမျှကုသိုလ်တရားအားလုံးထဲမှာ အပ္ပမာဒတရားဟာ အနှိုင်းမဲ့ကုသိုလ်တရား ဖြစ်ပါတယ်။
ဘာလို့လဲဆိုတော့ အပ္ပမာတရားထက် ပိုပြီး ကုသိုလ်ရှင်ရဲ့စိတ်ကို ဖြူစင်စေပါတယ်၊ ကုသိုလ်ရှင်ကို ကောင်းကျိုးပြုပါတယ်လို့ နှိုင်းယှဉ်စရာ၊ အစားထိုးစရာ၊
ထပ်တူပြုစရာ တခြားကုသိုလ်တရား မရှိတော့လို့ပဲ။
အပ္ပမာဒတရားနဲ့ လဲလှယ်သင့်၊ လဲလှယ်ထိုက်တဲ့ တခြားကုသိုလ်တရား လောကမှာမရှိတော့တဲ့အတွက်
အပ္ပမာဒတရားဟာ “အနှိုင်းမဲ့ကုသိုလ်တရား”ဖြစ်ရပါတယ်။စိတ်ကို ဖြူစင်စေတတ်တဲ့သဘောကို
ကုသိုလ်လို့ ခေါ်ပါတယ်။ စိတ်ဓာတ်တစ်ခု၊ လုပ်ရပ်တစ်ခုကြောင့်
Thursday, February 11, 2016
"သုဂတိဘုံသို့ ဘဝကူးနည်း ..သေနည်း"
မည်သူ မဆို တစ်နေ့ မုချ သေရမည် ။ နေတတ်ဖို့ လိုသလို သေတတ်ဖို့လည်း အရေးကြီးပေသည် ။
သေ တတ်အောင် ကြိုတင် ပြင်ဆင် ထားဖို့ လိုသည် ။ ကုသိုလ် ကောင်းမှု တွေ ဘယ်လောက် များများ သေခါ နီး စိတ်ထား မတတ်လို့ ဘဝကူး မကောင်းသူတွေ များလှ၏ ။ သေပုံ သေနည်း မတတ်လို့ ပြိတ္တာ ဖြစ်၊ တိရ စ္ဆာန် ဖြစ် ၊ ငရဲ ကျသူတွေ အများ အပြား ရှိ၏ ။
မည်သူ မဆို သတ္တဝါ တို့ မည်သည် ရေနစ်တဲ့ သူဟာ အားကိုး တကြီး တွေ့ ရာဆွဲယူ တတ်သလို သေခါ နီး တဲ့ အခါ စွဲမိ စွဲရာ စွဲတတ်ကြသည် ။ မခွဲနိုင် မခွာ ရက် တပ်မက် စွဲလမ်းနေတတ်ကြ သည် ။ သံယောဇဉ် တွေကို ကြိုတင် ဖြတ်ထားဖို့ လိုသည် ။ ခင်ပွန်း၊ ဇနီး ၊ သမီး ၊ သား ၊ ဆွေမျိုး ညာတကာဆိုသည် မှာ ဒီ ဘဝ တွင် ခဏ လာပြီး ဆုံဆည်း ကြ ခြင်း ဖြစ်သည် ။ ကံ စီမံရာ အတိုင်း သူ့ လမ်းသူ သွားကြမှာ ဖြစ်သည် ။ တိုက်တာ ၊ အိမ်ရာ ၊ စည်းစိမ် ဆောင် အရောင်တွေ ၊ ရာထူး တွေ လည်း သေလျှင် ဘာမျှ ပါသွားမှာ မဟုတ်ဘူး ။ တွယ်တာဖို့ မလိုဘူး ။
Tuesday, February 2, 2016
တရားထိုင်ခြင်းဟာ သင့်ရဲ့နေ့စဉ်ဘ၀ကို ဘယ်လိုအကျိုးပြုနိုင်ပါသလဲ
တရားထိုင်ခြင်းဟာ အကျိုးကျေးဇူးများတယ်ဆိုတာ လူတိုင်းလိုလိုသိကြပေမဲ့ ခက်ခဲနက်နဲတဲ့ကိစ္စလို့ ထင်မြင်ကြပြီး တစိုက်မတ်မတ်လုပ်ကြတဲ့သူရှားပါတယ်။ အထူးသဖြင့် လူငယ်အများစုက တရားထိုင်တာဟာ ဘာသာရေးအလုပ်ဖြစ်ပြီး ငယ်ရွယ်စဉ်မှာ မလိုအပ်သေးဘူးလို့ထင်ကြပါတယ်။ ဒါပေမဲ့ တရားထိုင်ခြင်းကို တပတ်လောက်လုပ်ကြည့်လိုက်ရင်ပဲ ခံစားရတဲ့ကောင်းကျိုးတွေကို သိရှိလာနိုင်ပြီး အကျိုးကျေးဇူးတွေကိုလည်း လက်တွေ့ကြုံလာရမှာဖြစ်ပါတယ်။ ဘ၀မှာ စိတ်တည်ငြိမ်ခြင်း၊ စိတ်အေးချမ်းခြင်းကို ပိုင်ဆိုင်လာတဲ့အခါ ပျော်ရွှင်ချမ်းမြေ့ပြီး လူမှုရေးဆိုင်ရာပြဿနာများ၊ ကျန်းမာရေးဆိုင်ရာပြဿနာများလည်း လျော့ပါးလာမှာ အသေအချာပါပဲ။
တရားထိုင်ခြင်းဟာ ကိုယ်စိတ်နှစ်ပါးလုံးမှာ ငြိမ်းချမ်းမှုအပြည့်တည်ဆောက်ခြင်း ဖြစ်ပါတယ်။ နေ့စဉ်ဘ၀မှာ လူတွေဟာ အမျှင်မပြတ်တွေးတောကြံဆနေကြပြီး
Saturday, January 2, 2016
အာကာသသိမ်အလှူရှင်စာရင်းများ
 ”အာကာသသိမ်” စုပေါင်းရေစက်ချလှူဒါန်းခြင်းကို ဂေါပက အဖွဲ့ မှ ဦးဆောင်ကျင်းပပေးသွားပါမည်။ အချိန်အားဖြင့် ခန့်မှန်းခြေ 2016ခုနှစ် နွေရာသီဖြစ်ပါသည်။
.
.
Related Posts Plugin for WordPress, Blogger...