“နေလျှင် ၆-ချက်”
( ၁) အဖိုးမထိုက်သော ကိလေသာ အခွာရခက်သည်။
(၂) မထင်ရှားသော ကြိုးဆယ်စင်း အဖြေရခက်သည်။
(၃) အခိုးမထွက်သော ရာဂမီး ၁၁-သီး အငြိမ်းရခက်သည်။
(၄) မဝေးသော နိဗ္ဗာန်ခရီး အသွားရခက်သည်။
(၅) အရှင်မရှိသော ဥစ္စာ အရှာရခက်သည်။
( ၆) ကိုယ်ဝန်ဆောင် ယောက်ျား အဖွားရခက်သည်။
“သေလျှင် ၆-ချက်”
(၁) အစားအသောက် မည်မျှစားနိုင်သည် ဆိုစေကာမူ အပြီးသတ် ငတ်၍ သေပါလိမ့်မည်။
(၂) ဥစ္စာပစ္စည်း မည်မျှချမ်းသာသည် ဆိုစေကာမူ မွဲ၍ သေပါလိမ့်မည်။
(၃) ဆဒ္ဒန်ဆင် ခွန်အားမည်မျှကောင်းသည် ဆိုစေကာမူ အားကုန်၍ သေပါလိမ့်မည်။
(၄) စကားပြော မည်မျှကောင်းသည် ဆိုစေကာမူ အ,၍ သေပါလိမ့်မည်။
(၅) နတ်မမီ လူမမျှ လှပသည် ဆိုစေကာမူ အရုပ်ဆိုး၍ သေပါလိမ့်မည်။
(၆) စုံမက်ချစ်ခင်သူ များသည် ဆိုစေကာမူ အမုန်းခံ၍ သေပါလိမ့်မည်။ ။
(၁) ဘုရားပျောက်သော် စိတ်မှာရှာ....
(၂) တရားပျောက်သော် ကိုယ်မှာရှာ....
(၃) သံဃာပျောက်သော် ဒါန-သီလ-ဘာဝနာ သုံးခုပေါင်း၍ရှာ....
No comments :
Post a Comment