အသေမဦးခင် ဥာဏ်ဦးပါ
အသေမစောင့်နဲ့၊ ရတုန်းရခါ တရားရှာပါ။
နေ့ညကုန်နေတာမဟုတ်၊ မိမိ သက်တမ်းကုန်နေတာ။ ဘယ်ဗေဒင် ကိုမှ မယုံကြနဲ့၊
ခန္ဓာကသူ့လမ်းသူပြေးနေတော့ မနေ့ကထက်ယနေ့ သေဖို့ တစ်ရက်နီး
သွားပြီဆိုတာသာ ယုံလိုက်ပါ။ ခန္ဓာ၏၀တ္တရားက အသေရှာတာ။ ဉာဏ်၏ ၀တ္တရားက အသေရှောင်တာ။
ခန္ဓာကသုသာန်ကိုအပြေးသွားနေတာ။မြန်မြန်လုပ်ပါ။ အသက်ကယ် ခပ်တိုတိုလေးမှာ ခပ်ခိုခို လုပ်မနေနဲ့။
အသေစောသွားရင် ကိုယ်ကျိုးနည်းလိမ့်မယ်။ အသေမဦးခင် ဉာဏ်ဦးအောင်
တရားအားထုတ်ပါ။အပြေး
မရပ်တဲ့ခန္ဓာကိုယ်သုသာန်မရောက်ခင်မဂ္ဂင်အလုပ်မြန်မြန်လုပ်ပါ။
(မိုးကုတ်ဆရာတော်)
တရားမြင်မှ ဘုရားမြင်မယ်
လုပ်ရင်လုပ်ကြ၊
မလုပ်ရင်ကိုယ်ကျိုးနည်းလိမ့်မယ်။ မလုပ်လို့ မရတာ၊ နိဗ္ဗာန်မလိုချင်
လို့မရတာ၊အခုလုပ် အခုရမယ်။ ခန္ဓာမှာ နိဗ္ဗာန်ရှိတယ်။ ခန္ဓာမှာ တရားရှိတယ်။
ခန္ဓာမှာ သံဃာရှိတယ်။ ခန္ဓာမှာတရားတွေ့ ရင် ဘုရားတွေ့ မယ်။ အခု သာသနာနဲ
့ကြုံကြိုက်တဲ့ အခါ ပုတီးလေးတွေနဲ့ ရောင့်ရဲမနေနဲ့။ ဒါန၊သီလ၊ သမထနဲ့
မတင်းတိမ်ကြနဲ့ ။ မြတ်စွာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက
ကျွတ်တမ်းဝင်မယ့်ပုဂ္ဂို လ်တွေအများကြီး ရှိသေးလို့  ထားပစ်ခဲ တဲ့ သာသနာ။
နိဗ္ဗာန်ကို ဒီတစ်ဘ၀တည်းနဲ့ ကူးနိုင်တယ်။
့(သဲအင်းဂူ ဆရာတော်)
အခွင့်သာတုန်းမှာ အားထုတ်ပါ
ငရဲမှာကျရောက်နေတဲ့အခါ၊ပြိတ္တာဖြစ်နေတဲ့အခါ၊တိရိစ္ဆာန်ဖြစ်တဲ့အခါများမှာ
ဒီတရားကိုအားထုတ်ခွင့် မရဘူး။ ဒီလိုတရားအားမထုတ်မိခဲတဲ့အတွက် ငရဲ တိရိစ္ဆာန်
ပြိတ္တာဖြစ်ပြီး ဆင်းရဲခဲ့ရတဲ့ဘဝတွေများ လှပြီ။ ယခုအခါမှာ အစစ အရာရာ
အကြောင်းညီညွတ်လို့ အားထုတ်ခွင့် ရနေတယ်။ ဒီလိုအခွင့်ကောင်းရတဲ့ အခါ
အားထုတ်ရမှာ ပျင်းနေလို့ တရားထူးကို မရရင် နောင်အခါမှာ ငရဲ၊ တိရစ္ဆာန်၊
ပြိတ္တာဘုံများသို့ရောက်ပြီး ဘဝပေါင်းများစွာ အကြီးအကျယ် ဆင်းရဲဒုက္ခတွေ ခံစားသွားရလိမ့်မယ်။
(မဟာစည် ဆရာတော်)
adv
.
.
.
တိရတနာ Online Radio
DEF Radio and RainRockinRadio
Online Radio အစီအစဉ်အား ညစဉ် ၇ နာရီ မှ ၁၀ နာရီထိ .... အသံ ပျက်တောက် သွားပါက refresh ပြုလုပ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Recent Posts
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment